1/29/2015

♪ Microsoft က Lumia 532 ၀င်းဒိုးဖုန်းကို ကြေညာ ♫

1

Microsoft က Windows Phone OS မောင်းနှင်လည်ပတ်သော Lumia 532 စမတ်ဖုန်းကို ကြေညာ လိုက်ပါသည်။

Lumia 532 တွင် 1.2GHz Quad-Core CPU တပ်ဆင်ထားသော Snapdragon 200 Chipset , 1GB RAM , 8GB Internal Storage ပါရှိသည့်အပြင် 128GB အထိ ၀င်ဆန့်သော MicroSD Card အသုံးပြုနိုင် ပါသည်။ One Drive တွင် 30GB Cloud Storage ရရှိမည် ဖြစ်သည်။

လေးလက်မ အရွယ် 800×480 Pixel Resolution Display တပ်ဆင်ထားပါသည်။ Windows Phone 8.1 OS ထည့်သွင်းထားပါသည်။ အနောက်ဘက်တွင် 5MP နှင့် မျက်နှာချင်းဆိုင်တွင် VGA Camera ပါရှိ ပါသည်။ 1560mAh Battery ပါရှိပါသည်။

Lumia 532 ကို ဖေဖော်ဝါရီလမှ စတင်၍ Europe, Asia Pasific, India, Middle East နှင့် Africa တွင် Single SIM နှင့် Dual SIM နှစ်မျိုး ရောင်းချပေးမည် ဖြစ်သည်။ တန်ကြေးမှာ ယူရို ၇၉ ဖြစ်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com