1/28/2015

♪ Samsung က Tizen မောင်းနှင်လည်ပတ်စနစ် အခြေပြု Z1 စမတ်ဖုန်းကို ကြေညာ ♫

1

Samsung က Tizen မောင်းနှင်လည်ပတ်စနစ် ထည့်သွင်းထားသော Z1 စမတ်ဖုန်းကို အိန္ဒိယ တွင် ကြေညာလိုက်ပါသည်။ အိန္ဒိယ ရူပီး ၅၇၀၀ ( ဒေါ်လာ ၉၂) တန်ကြေးရှိပြီး အဖြူ၊ အနက်နှင့် Red Wine အရောင်များ ထုတ်လုပ်ပေးထားပါသည်။

Samsung Z1 တွင် 1.2GHz Dual-Core Processor တပ်ဆင်ထားသော Spreadtrum SC7727S Chipset ကို တပ်ဆင်ထားပါသည်။ လေးလက်မအရွယ် WVGA Display တပ်ဆင်ထားပြီး Tizen OS 2.3 မောင်းနှင်လည်ပတ်မည် ဖြစ်သည်။

768MB RAM, 4GB Internal Storage ပါရှိသည့်အပြင် 64GB အထိဝင်ဆန့်သော MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် 3.1MP Camera နှင့် မျက်နှာချင်းဆိုင်တွင် VGA ကင်မရာတပ်ဆင်ထားပါသည်။ 1500mAh Battery ပါရှိပြီး SIM Card နှစ်ခု အသုံးပြုနိုင်ပါသည်။ Bluetooth, WiFi, GPS, 3G ဆက်သွယ်မှုများ အသုံးပြုနိုင်ပါသည်။

ဆော့ဝဲ အပိုင်းတွင် Anti Virus ထည့်သွင်းပေးထားပြီး Ultra Power Saving Mode စွမ်းဆောင်ချက် ပါရှိပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com