1/31/2015

♪ QuickDraw ကံစမ်းမဲ Application အသုံးပြု၍ iPhone 5s ကံစမ်း ရယူနိုင် ♫


QuickDraw အမည်ရှိ ကံစမ်းမဲ Appplication ကို အသုံးပြု၍ iPhone 5s ၊ ကမ်းခြေအပန်းဖြေ ခရီးသွားလက်မှတ်နှင့် ဂျပန်အမှတ်တံဆိပ် အလှကုန်ပစ္စည်းများ ကံစမ်းရယူနိုင် မည်ဖြစ်ကြောင်း ဆော့ဖ်ဝဲ လုပ်ငန်းဖွံ့ဖြိုးရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Acroquest Myanmar Technology Co., Ltd. မှ သိရသည်။

"ဆုရရှိသူကို ကျွန်တော်တို့ ဆုရရှိမှုအတွက် ဂုဏ်ပြုကြောင်း message နဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ပို့ပေးပါတယ်။ မဲပေါက်တဲ့သူက ကျွန်တော်တို့ဆီကို ဖုန်းနဲ့ ဆက်သွယ်လိုက်ရုံပါပဲ။ တကယ်လို့ မဆက်သွယ် ခဲ့ရင်တော့ ဆုအတွက် အခြားတစ်ယောက်ကို ရွေးချယ်သွားမှာပါ။ QuickDraw ကို အသုံးပြုပြီး ဆုတွေကို ရယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်" ဟု Acro-quest Myanmar Techno-logy Co., Ltd. မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

QuickDraw App ကို မိမိတို့၏ Facebook အကောင့်ဖြင့် အလွယ်တကူ Log in ဝင်ရောက် အသုံးပြုရမည်ဖြစ်ပြီး Facebook တွင် Check-in ပြုလုပ်သကဲ့သို့ မိမိရောက်ရှိသည့် နေရာတိုင်းတွင် Check-in ပြုလုပ်၍ ပွိုင့်များရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ တစ်နေရာမှ တစ်နေရာသို့ မိမိ သွားရောက်သည့် အကွာအဝေးပေါ် မူတည်၍ ပွိုင့်များရရှိမည်ဖြစ်ပြီး ရရှိသည့်ပွိုင့်ဖြင့် မိမိကံစမ်းလိုသည့် ဆုအတွက် ကံ စမ်းမဲလက်မှတ်များ ဝယ်ယူကာ ကံစမ်းရမည်ဖြစ်ကြောင်း သိရသည်။

၎င်း App ကို Android OS စနစ်သုံး ဖုန်းများတွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ပြီး iOS စနစ်သုံးအတွက် Application ကို မကြာမီ ဖြန့်ချိသွားမည်ဖြစ်သည်။ App ကို စမ်းသပ်သုံးစွဲလိုသူများနှင့် ဆုမဲ ကံစမ်းလို သူများအနေဖြင့် အောက်က Link မှာ Download ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download