1/30/2015

♪ အရည်အသွေးမြင့် ဒီဇိုင်းနဲ့ နောက်ဆုံးပေါ် Mi Note ♫


ခုနောက်ပိုင်းမှာ တစ်ခေတ်ဆန်းလာတဲ့ Xiaomi ဟာ အရည်အသွေးမြင့် ဖုန်းတစ်လုံးကို ထပ်မံ ထုတ်လုပ်ခဲ့ပါတယ်။ Mi Note လို့ခေါ်တဲ့ ဒီဖုန်းရဲ့ အားသာချက်တွေဟာ အရည်အသွေးမြင့် စတီးနဲ့ ဖန်သားကို အချိုးကျ ပေါင်းစပ်ထုတ်လုပ်ထားခြင်း၊ optical image stabilization ပါဝင်တဲ့ 13 Megapixel ကင်မရာတို့ ပဲဖြစ်ပါတယ်။

သူ့ရဲ့အားနည်းချက်တွေကို ကြည့်မယ်ဆိုရင်တော့ အာရှမဟုတ်တဲ့ ဈေးကွက်တွေမှာ 4G LTE ထောက်ပံ့မှု အကန့်အသတ်ရှိပြီး SD ကတ်ထပ်စိုက်လို့ မရတာပါပဲ။ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့မှာ ၀ယ်ယူမယ်ဆိုရင် အလွန်တန်ဖိုး ကြီးမယ့်ပုံ ပေါ်ပါတယ်။ တန်ဖိုးမြင့် ဖုန်းတစ်လုံးဖြစ်ပေမယ့် အမေရိကန် အတွက် LTE မပါရှိခြင်းက Mi Note ရဲ့စွဲဆောင်မှုကို ကျဆင်းစေပါတယ်။

မျက်နှာပြင်အကျယ် ၅ ဒဿမ ၇လက်မ ရှိတဲ့ Mi Note ရဲ့ ဒီဇိုင်းစာ iPhone 6Plus ထက် ပါးလွှာပါတယ်။ အားကောင်းလှတဲ့ စက်ပိုင်းနဲ့ ကင်မရာတို့ကြောင့် တန်ဖိုးမြင့် ဖုန်းတစ်လုံးဖြစ်လာပြီး ကမ္ဘာမှာ ပေါက်မယ့် ဖုန်းတစ်လုံး ဖြစ်လာဖို့ ရှိပါတယ်။ တခြား Phablets တွေနဲ့ ယှဉ်ရင်တော့လည်း တတ်နိုင်မယ့် ဈေးတစ်ရပ်ပါပဲ။ 16 GB နဲ့ 64 GB ဆိုပြီး နှစ်မျိုးထွက်ရှိထားပါတယ်။

တရုတ်နိုင်ငံမှာ ဇန်န၀ါရီ ၂၇ရက်နေ့က စတင်ရောင်းချပေးခဲ့ပြီး ဧပြီလနောက်ပိုင်းမှာတော့ တွင်တွင် ကျယ်ကျယ်ဝယ်ယူရရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Ref:CNet
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com