Samsung ဟာ နည်းပညာမြင့် စမက်ဖုန်းတွေရော ၊ နည်းပညာမြင့်ပြီး
တန်ဖိုးနည်းသည့် စမက်ဖုန်းတွေကို ဆက်တိုက်ဆိုသလို ထုတ်လုပ်လျှက်ရှိပြီး
ယခုအခါမှာလည်း အမျိုးအစားစီးရီး အသစ် စမက်ဖုန်းဖြစ်သည့် A Series များကို
ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်း ယခုအခါ J Series စမက်ဖုန်းများကို ထုတ်လုပ်
လာပြီဖြစ်ပါ တယ်။
ယခုအသစ်ထပ်မံထုတ်လုပ်မည့် J Series စမက်ဖုန်းတွင် J1 အမျိုးအစားကို
စတင်မိတ်ဆက်မှာ ဖြစ်ပြီး Model အနေနဲ့ကတော့ SM-J100 ဖြစ်ပါတယ်။ ကင်မရာအတွက်
နောက်ဘက် ကင်မရာကို 5 MP နှင့် ရှေ့ကင်မရာကတော့ 2 MP ဖြစ်ပါတယ်။ အဆိုပါ J1
စမက်ဖုန်းမှာ Galaxy S5 တွင် ပထမဆုံး အသုံးပြုခဲ့သည့်
တာရှည်ခံနည်းပညာဖြစ်သော Ultra Power Saving နည်းပညာကို
တန်ဖိုးနည်းဖုန်းဖြစ် သည့် ယခု J1 တွင် ပထမဆုံး စတင် အသုံးပြုမှာ ဖြစ်ပါတယ်။
မျက်နှာပြင် အရွယ်အစား 4.3 လက်မ နှင့် 480 x 800 Pixels ကို
အသုံးပြုထားပါတယ်။
ထူးခြားချက်များအဖြစ် Marvell PXA 1908 64-bit SoC ကို ပထမဆုံး အသုံးပြု ထားပြီး quad-core CPU ဖြစ်ကာ မြန်နှုန်း 1.2 GHz ဖြစ်ပါတယ်။ RAM 1 GB ကို အသုံးပြုထားပြီး ဖုန်းရဲ့သိုလှောင်နိုင်မှု ကတော့ တန်ဖိုးနည်းဖုန်း ဆိုသည့် အတိုင်း internal 4 GB ပဲ ပါဝင်ပါတယ်။
J1 ဖုန်းကို LTE , 3G နှင့်မျိုးစလုံးအသုံးပြုနိုင်ပြီး dual-SIM ဖြစ်ကာ LTE, 3G နှစ်မျိုးစလုံးကို ထောက်ပံ့ပေး နိုင်ပါတယ်။ ဇန်န၀ါရီလ ၁၄ ရက်နေ့ နေ့စွဲနဲ့ ထွက်လာတဲ့ ဖုန်းရဲ့ ဓာတ်ပုံကို ကြည့်ခြင်းအားဖြင့် အဆိုပါ ဖုန်းအား မကြာမီ ဈေးကွက်ထဲကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။
ref : GSMARENA
Yangon Media Group