1/27/2015

♪ Oppo က R1C စမတ်ဖုန်းကို ကြေညာ ♫

3

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Oppo က R1C စမတ်ဖုန်း အသစ်ကို ကြေညာလိုက်ပါသည်။ R1C ကို ဒေါ်လာ လေးရာဝန်းကျင်ဖြင့် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်သည်။

Oppo R1C ၏ အထူမှာ ၆.၈၅ မီလီမီတာ ဖြစ်ပြီး အလွန်ပါးလွှာပါသည်။ အနောက်ဘက်ကို သလင်းကျောက်မျက်နှာပြင်ဖြင့် ဖုံးအုပ်ထားပါသည်။ ငါးလက်မအရွယ် 720p HD Display တပ်ဆင်ထား ပါသည်။ 64-bit Snapdragon 615 Processor, 2GB RAM ထည့်သွင်းပေးထားပါသည်။ 16GB Internal Storage အပြင် MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် 13 Megapixel Camera နှင့် မျက်နှာချင်းဆိုင်တွင် 5 Megapixel Camera တပ်ဆင်ထားပါသည်။

2420mAh Battery ပါရှိပါသည်။ Android 4.4 KitKat ကို Oppo ၏ ကိုယ်ပိုင် Color OS 2.0.1 နှင့်အတူ တွဲဖက် အသုံးပြုထားပါသည်။

Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 

www.pyaephyo.com