1/28/2015

♪ အင်တာနက်မြန်နှုန်းမြှင့်နိုင်ရန် တယ်လီနောနှင့် ထိုင်းအပြည်ပြည်ဆိုင်ရာ အင်တာနက်ဆက်ကြောင်း ချိတ်ဆက်မည် ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-_mJ3ZWvXv0AQrFpJKGVGg6jOMDM2temdM3LoZM1O_wSFPnuJ3PkMiUIGcwE5KfdDfvTe6eGRxiiKI57Abx5UdHt_cY7ICiSTHs2DmprmsNAgMuvKBneW-ZthV331nSDQUbf6C0bNxeM/s1600/telenorlogo.jpg

တယ်လီနောမြန်မာသည် ၎င်းတို့၏ အင်တာနက်မြန်နှုန်းတိုးမြှင့်ရန် ဖေဖော်ဝါရီအတွင်း ထိုင်းနိုင်ငံမှ  အပြည်ပြည်ဆိုင်ရာအင်တာနက်ဆက်ကြောင်းနှင့် ချိတ်ဆက်၍ ဘန်ဝှစ်ပမာဏ 10GBတိုးချဲ့သွားမည်ဟု သတင်းရရှိသည်။ ‘‘ကနဦးအနေနဲ့ ဘန်ဝှစ်ပမာဏ 10GBလောက်ကိုပဲ အရင်ဆုံးချိတ်ဆက်ရယူသွားပါ မယ်။ နောက်ပိုင်းကျရင်တော့ လိုအပ်ချက်အပေါ် မူတည်ပြီးတဖြည်းဖြည်းထပ်တိုးချဲ့သွားပါမယ်’’ဟု တယ်လီနောမြန်မာအမှုဆောင် အရာရှိချုပ်ပီတာဖာဘတ်က ပြောသည်။

တယ်လီနောအနေဖြင့် ထိုင်းနိုင်ငံနှင့် ချိတ်ဆက်၍ အင်တာနက်ဘန်ဝှစ်ရယူနိုင်ရန် ပြည်တွင်းမှ ဖိုက်ဘာ ဆက်ကြောင်းသစ်တစ်ခုကိုပြီးခဲ့သည့်လကဆွဲခဲ့ပြီး အင်တာနက်ဘန်ဝှစ်ရယူရာ၌ အကန့်အသတ်မရှိဘဲ လိုသလောက်ရယူနိုင်ရန် စီစဉ်ထားကာပြည်တွင်း၌အသုံးပြုသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ ထပ်မံတိုး ချဲ့ပေးသွားမည်ဟု သတင်းရရှိသည်။

ပြည်တွင်း၌ 3Gစနစ်ဖြင့် အင်တာနက်မြန်နှုန်းကို ကောင်း မွန်စွာထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိသကဲ့သို့ အစိုးရခွင့်ပြုချက်နှင့် ပြည်တွင်း၌အသုံးပြုသူများ၏ လိုအပ်ချက်ပေါ်မူတည်ပြီး 4Gစနစ်အဆင့်မြှင့် တင်ပေးသွားမည်ဟု တယ်လီနောမှသိရသည်။

‘‘ဒီမှာ လူအများစုက 3G စနစ်နဲ့ ဖုန်းတွေကိုပဲ သုံးနေပြီး 4Gထောက်ပံ့ပေးနိုင်တဲ့ ဖုန်းကလည်း နည်းနေသေးတဲ့အတွက် မလုပ်သေးတာပါ။ ပြီးတော့အစိုးရရဲ့ ခွင့်ပြုပေးမှုအပေါ်မှာလည်း မူတည်ပါတယ်’’ ဟု ပီတာဖာဘတ်က ပြောသည်။

တယ်လီနောသည် လက်ရှိတွင် ပြည်နယ်နှင့်တိုင်းကိုးခု၌ကွန်ရက်ဖြန့်ကြက်ထားပြီး ဆင်းမ်ကတ်ပေါင်း သုံးသန်းကျော်ရောင်းချပေးထားကြောင်း ၎င်းတို့ ထုတ်ပြန်မှုစာရင်းများအရသိရပြီး ယခုလမှောင်ခိုဈေး ကွက်လျော့နည်းလာစေရန် ဆင်းမ်ကတ်ပေါင်း ၁ဒသမ ၅သန်းကို နိုင်ငံတစ်ဝန်းသို့ လစဉ်ရောင်းချပေး မည်ဟု သိရသည်။
7Day News Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com