Dell မြန်မာမှ Dell Inspiron 7000 Series-Pandora (Code 7447) ကို
မြန်မာနိုင်ငံတွင် တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ
Product အား မြန်မာနိုင်ငံတွင် ဇန်န၀ါရီ ၂၁ ရက်မှ စတင်ကာ
ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
၎င်း Notebook သည် Gaming Performance များနှင့် ဖျော်ဖြေရေးပိုင်းများ အတွက် Turbo Charged Nvidia Geforce GTX 4GB Graphic ပါဝင်သည်။ Processor အနေဖြင့် 4th Generation Intel Quad Core i7 အသုံးပြုထားသည်။
Product သစ်မိတ်ဆက်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်က Park Royal Hotel, Ballroom တွင် ကျင်းပပြုလုပ်ခဲ့ ပြီး အခမ်းအနားတွင် မစ္စတာ ခရစ္စတိုဖာမှ Notebook နှင့်ပတ်သက်၍ အသေး စိတ်ရှင်းလင်းပြောကြားခဲ့သည်။
Internet Journal