1/22/2015

♪ Xiaomi Redmi 2 စမတ်ဖုန်း ဈေးကွက်ဝင် ♫


Xiaomi အမှတ်တံဆိပ် Redmi 2 စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါ စမတ်ဖုန်းကို တန်ဖိုး ၁၅၆,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင် မည်ဖြစ်ကြောင်း T-Land Computer & Mobile အရောင်းဆိုင်မှ သိရသည်။

Redmi 2 စမတ်ဖုန်းသည် ဆင်းမ်ကတ်နှစ်ခု ထည့်သွင်း အသုံးပြုနိုင်သော GSM အမျိုးအစား ဖုန်းဖြစ်ပြီး 2G/3G နှင့် LTE ကွန်ရက်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အမြန်နှုန်း 1.2GHz ရှိ Quad-core CPU နှင့် ဂရပ်ဖစ် အတွက် Adreno 306 GPU စနစ်များ ထောက်ပံ့ပါဝင်ပြီး မြင်ကွင်းအရွယ်အစား ၄.၇ လက်မရှိမည်ဖြစ်သည်။ Internal Memory 1GB RAM နှင့် အချက်အလက် သိုလှောင်မှုအတွက် 8GB ရှိမည်ဖြစ်ပြီး 8MP နောက်ကင်မရာနှင့် 2MP ရှေ့ဘက်ကင်မရာကို အသုံးပြုထားကာ Android OS v4.4.4 (KitKat) ကို ထည့်သွင်းထားသည်။

အဆိုပါ Redmi 2 စမတ်ဖုန်းကို ဝယ်ယူပါက Ooredoo ဆင်းမ်ကတ်နှင့် ၁,ဝဝဝ ကျပ်တန် Ooredoo ငွေဖြည့်ကတ်များကို မေတ္တာလက်ဆောင်အနေဖြင့် ရရှိနိုင်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ အနေဖြင့် ဖုန်း- ၃၉၂၈၆၈ တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com