1/22/2015

♪ Google Nexus 9 ရဲ့အားသာချက် ၊ အားနည်းချက် နှင့် အသေးစိတ်ဖော်ပြချက်များ♫


အားသာချက်
Google နှင့် HTC တို့ပူးပေါင်း ထုတ်လုပ်ထားသော Nexus 9 သည် Android Lollipo 5.0 အသုံးပြုထားပြီး အချိန်နှင့်အမျှ software update များရရှိစေမည့် ပထမဦးဆုံး tablet ဖြစ်သည်။ ၎င်း tablet သည် တစ်ချိန်တည်းတွင် app များစွာ ဖွင့်ထားနိုင်ပြီး app တစ်ခုနှင့် တစ်ခုကို လျင်မြန်စွာ ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်သည်။

အားနည်းချက်
Tablet အတွင်း အသုံးပြုထားသည့် Android 5.0 OS သည် app တိုင်းအတွက် အံခွင်ကျ မဖြစ်သေးပေ။ ထို့အပြင် ထုတ်ကုန်ကို အားသွင်းရာတွင် အားပြည့်မှု နှေးကွေးကြောင်း သိရသည်။ Nexus 932GB ဗားရှင်းတွင် microSD card slot လည်းပါဝင်ခြင်း မရှိပေ။


အသေးစိတ်ဖော်ပြချက်
Google Nexus 9 tablet မျက်နှာပြင် အရွယ်အစားမှာ ၈.၉လက်မရှိသည်။ Tablet ၏နောက်ကျောတွင် မြဲမြံသည့် ကိုယ်တွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် matte  ဖြင့်ဖန်တီးထားသလို ထုတ်ကုန်၏ ထောင့်စွန်းကို လုံးဝန်းအောင် ဒီဇိုင်း ထုတ်လုပ်ထားသည်။ Nexus 9 တွင် Material Design ဟုအမည်ရသည့် OS ကိုအသုံးပြု ထားသည်။ ၎င်း OS တွင် interactive lock screen သတိပေးချက်များ ဖော်ပြပေးသည့် feature သစ်များလည်း ပါဝင်လာသည်။ Nexus 9 တွင် 2.3GHz dual-core Denver CPU နှင့်အတူ 64-bit Nvidia Tegra K1 ပါဝင်ပြီး 192-core Kepler DX1 GPU တို့ကို အသုံးပြုထားသည်။ မြန်နှုန်းမြင့် 802.11ac Wi-Fi အပြင် Bluetooth 4.1 နှင့် NFC တို့ကိုလည်း ထည့်သွင်းပေးထားသည်။ Google သည် Nexus 9 ကို 16GB နှင့် 32GB ဗားရှင်းဟူ၍ နှစ်မျိုး ထုတ်လုပ် ထားသောကြောင့် သုံးစွဲသူများ အနေဖြင့် နှစ်သက်ရာ မော်ဒယ်ကို ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်သည်။ မကြာမီတွင်လည်း Google က 32GB 4G LTE ထောက်ပံ့ထားသည့် မော်ဒယ်ကိုလည်း ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။


ဘက်ထရီ
Nexus 9 တွင်ဘက်ထရီ 6700mAh ပါဝင်ပြီး ယခင်ထွက်ရှိထားသော Nexus 10 ထုတ်ကုန်တွင်မူ ဘက်ထရီ 9000mAh အသုံးပြုခဲ့သည်။ သို့ရာတွင် Nexus 9 တွင် အသုံးပြုထားသော display အရွယ်အစား သေးငယ်ခြင်းနှင့် စွမ်းဆောင်ရည်များ တိုးတက်လာခြင်းကြောင့် သင့်တင့်မျှ မှုရှိသည့် ဘက်ထရီ အရွယ်အစား တစ်ခုဖြစ်သည်။
ကန်ဒေါ်လာ- 399.99-599.76

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com