
စမတ်ဖုန်း
အမှတ်တံဆိပ်များစွာထဲတွင် သုံးစွဲသူ ပရိသတ်ကြိုက် နှစ်သက် သော၊
နှစ်ကာလ တစ်ခုကြာအောင် ရပ်တည် နိုင်စွမ်းရှိသော တံဆိပ် တစ်ခု ကတော့ ZTE
ဖြစ်ပါတယ်။ ZTE စမတ်ဖုန်းများဟာ ဈေးနှုန်းတန်ဖိုး သိပ်မများ ပါဘူး။
ပြည်တွင်းကွန်ရက်နဲ့လည်း သုံးစွဲရအဆင်ပြေစေပါတယ်။ ZTE အမှတ် တံဆိပ်
ဖုန်းများစွာထဲကမှ Blade L3 ဟာ ဈေးနှုန်း တစ်သိန်းကျော်ကျော် ပဲရှိပါတယ်။
အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ GSM/
WCDMA ဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အစား ပမာဏကတော့ 142.5 × 72.5 × 8.6 mm
ရှိသောကြောင့် ကိုင်ဆောင်သုံးစွဲဖို့အတွက် အဆင်ပြေစေပါတယ်။ ဆင်းကတ်
နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဖုန်း
မျက်နှာပြင် အတွက် အသုံးပြုပေးထားသော Touch Screen အမျိုးအစား ကတော့ TFT
Capacitive ဖြစ်ပါတယ်။
ဖုန်းမျက်နှာပြင်အကျယ်အ၀န်းမှာ 5 inches ရှိသောကြောင့် ကျယ်ပြန့်တဲ့မြင်ကွင်းရသကို ခံစားရရှိစေပါလိမ့်မယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 480 × 854 ဖြစ်ပြီး တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 196 ppi ပါ။
ဓာတ်ပုံရိုက်ကူးနိုင်ဖို့ အတွက် ကင်မရာနှစ်မျိုးနှစ်စား ထည့်သွင်းပေးထားပြီး Auto Focus , LED Flash စနစ်တို့ အသုံးပြုနိုင်မယ့် အဓိက ကင်မရာရဲ့ စွမ်းရည်ကတော့ 8 MP ဖြစ်ပြီး ရှေ့ကင်မရာငယ်မှာ 2 MP စွမ်းရည်ဖြစ်ပါ တယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1 GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 8 GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။
အချက်အလက်အများအပြား သိမ်းဆည်းနိုင်ဖို့အတွက်လည်း
Cardslot စနစ် ပါရှိပါသေးတယ်။ ထည့်သွင်းပေးထားသော Chipset အမျိုးအစားကတော့
Mediatek MT 6582 M ဖြစ်ပါတယ်။ Lollipop Version ကို
သုံးစွဲနိုင်မှာဖြစ်ပြီး၊ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစား ကတော့
Li-Ion 2000 mAh ဖြစ်ပါတယ်။
<Specification>
Network - GSM/ WCDMA
Memory - up to 32 GB
CPU - Quad Core 1.3 GHz
Camera - 8MP
Screen - 5 inches
OS - Android OS, v5.0
Contact - 01-381129
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ GSM/
ဖုန်းမျက်နှာပြင်အကျယ်အ၀န်း
ဓာတ်ပုံရိုက်ကူးနိုင်ဖို့ အတွက် ကင်မရာနှစ်မျိုးနှစ်စား ထည့်သွင်းပေးထားပြီး Auto Focus , LED Flash စနစ်တို့ အသုံးပြုနိုင်မယ့် အဓိက ကင်မရာရဲ့ စွမ်းရည်ကတော့ 8 MP ဖြစ်ပြီး ရှေ့ကင်မရာငယ်မှာ 2 MP စွမ်းရည်ဖြစ်ပါ တယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1 GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 8 GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။
အချက်အလက်အများအပြား သိမ်းဆည်းနိုင်ဖို့အတွက်လည်
<Specification>
Network - GSM/ WCDMA
Memory - up to 32 GB
CPU - Quad Core 1.3 GHz
Camera - 8MP
Screen - 5 inches
OS - Android OS, v5.0
Contact - 01-381129
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com