1/08/2017

♪ ကျောဘက် ကင်မရာနှ စ်ခုပါဝင်သည့် ZenFone 3 Zoom ကို Asus မိတ်ဆက် ♫


CES 2017 ပြပွဲတွင် Asus က ZenFone Zoom နေရာဆက်ခံမည့် ZenFone 3 Zoom ကို မိတ်ဆက်ကြေညာခဲ့သည်။

Asus ZenFone 3 Zoom တွင် ကျောဘက်ကင်မရာနှစ်ခုပါဝင်ပြီး တစ်ခုက 12MP 2.3x optical zoom ဖြစ်ကာ ကျန်တစ်ခုက 12MP wide-angle setup နှင့် f/1.7 aperture ဖြစ်သည်။

မှန်ဘီလူးနှစ်ခုကို အသုံးပြုထားခြင်းကြောင့် bokeh affect ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

ZenFone 3 Zoom တွင် Qualcomm Snapdragon 625 ကို အသုံးပြုထားသည်။ ၅.၅ လက်မ 1080p display နှင့် ကြီးမားသည့် 5000mAh ဘက်ထရီတို့ဖြင့် အသုံးပြုနိုင်သည်။

အဆိုပါဖုန်းကို ဖေဖော်ဝါရီလတွင် စတင်ရောင်းချမည်ဖြစ်ပြီး ထိုအချိန်မှသာ သိုလှောင်မှုပမာဏ၊ RAM နှင့် အခြားအချက်အလက်များကို သိရှိရဖွယ်ရှိသည်။



Credit to ==> Internet Journal
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com