1/17/2017

♪ “Panasonic က အကြမ်းခံတဲ့ တက်ဘလက်အသစ်ကိုမိတ်ဆက်” ♫

Image may contain: screen and phone

Panasonic က Toughpad FZ-A2 လို့ အမည်ပေးထားတဲ့ တက်ဘလက် အသစ်တစ်လုံးကိုမိတ်ဆက်လိုက်ပါတယ်။ ၀ိုင်ဖိုင်ဆက်သွယ်မှုကို အသုံးပြု နိုင်ပြီး SIM Card တော့ ထည့်သွင်းလို့ မရပါဘူး။ အကြမ်းခံအောင် ဒီဇိုင်း ထုတ်ထားတဲ့အတွက် ဒေါ်လာ ၂၁၈၉ တန်ကြေးရှိပါတယ်။

Panasonic က မိုင်းတူးသူများ၊ စက်ရုံအလုပ်သမားများတို့လို အလုပ်ကြမ်း လုပ်နေရသူများအတွက် ရည်ရွယ် ရောင်းချပေးတာ ဖြစ်တယ်လို့ ပြောပါ တယ်။ IP65 စံနှုန်းရှိတဲ့အတွက် ရေစိုခံနိုင်သလို ဖုန်မှုန့်များ မ၀င်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ စစ်တပ်အဆင့် အကြမ်းခံနိုင်တဲ့အတွက် အလွန် မာကြောကြံ့ခိုင်တဲ့ တက်ဘလက် တစ်လုံး ဖြစ်ပါတယ်။

Panasonic Toughpad FZ-A2မှာ ၁၀.၁ လက်မ WUXGA IPS Display တပ်ဆင်ထားပါတယ်။ ထိတွေ့မှုကို အာရုံခံတဲ့ စွမ်းရည်မြင့်မားပြီး၊လက်အိတ်နဲ့ အသုံးပြုရင်တောင် အဆင်ပြေပါတယ်။ နေရောင်အောက် မှာတောင် စာများ ကိုထင်ထင်ရှားရှား မြင်ရရန် မျက်နှာပြင်ကိုဖန်တီးထားပါတယ်။ 


Intel ရဲ့ Atom Z8550 Processor , 3GB RAM ထည့်သွင်းထားပါတယ်။ တက်ဘလက် ကိုအားအပြည့် သွင်းထားရင် ၉ နာရီအသုံးခံတယ်လို့ ကုမ္ပဏီကပြောပါတယ်။ ဒေတာကူးခြင်းနဲ့ အားသွင်းခြင်းများ ပြုလုပ်ရင် အလွန်လျင်မြန်တဲ့ USB Type-C Port တပ်ဆင်ထားပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com