
ထွက်ပေါ်နေတဲ့
သတင်းများအရ LG ရဲ့ နောက်ထုတ်မယ့် G6 ဟာ G5 လို Modular Phone
မဟုတ်တော့ပါဘူး။ G5 ဟာဒီဇိုင်းဆန်းသစ်ပေမယ့် အောင်မြင်မှု မရခဲ့လို့
ဖြစ်ပါတယ်။ G6 ကိုတော့ ရေစိုခံအောင် ဖန်တီးထားမှာ ဖြစ်ပြီး ကြီးမားတဲ့
မျက်နှာပြင် တပ်ဆင်ထားမယ်လို့ သိရပါတယ်။ မျက်နှာပြင် ရဲ့
ဘေးဘောင်များကိုလည်းအလွန်သေးငယ်အောင် ပြုလုပ်ထားမှာ ဖြစ်လို့ အလွန် ကြည့်ကောင်းတဲ့ စမတ်ဖုန်းဖြစ်မှာပါ။
တရုတ် မီဒီယာEtnewsရဲ့ အဆိုအရ G6 ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီနေ့ဟာဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress မစခင်တစ်ရက်အလို ဖြစ်ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ G6 ကိုစတင်ရောင်းချမယ်လို့ သတင်းကဆိုပါတယ်။
LG G6 မှာ ၅.၇ လက်မ LCD QHD+ 2880x1440 Pixels Display တပ်ဆင် ထားမယ်လို့ သိရပါတယ်။ LG G5 ရဲ့ Screen Resolution ကတော့ 2560x1440 Pixels ဖြစ်ပါတယ်။ LG ရဲ့ Display များကိုထုတ်လုပ်ပေးနေတဲ့ LG Display ရဲ့ မိုဘိုင်းဌာနမှ အကြီးအကဲ ဖြစ်သူByeong-koo Kim က
“စမတ်ဖုန်းများရဲ့ သမားရိုးကျ မျက်နှာပြင်များနဲ့ ကွဲပြားတဲ့ 18:9 Aspect Ratio အသစ်ဖြင့် ဆန်းသစ်မှုတွေကိုယူဆောင်လာမှာဖြစ်ပါတယ်”လို့ ပြောပါ တယ်။
LG Display က မျက်နှာပြင်အသစ်ဟာယခင်ကထက် ပိုမိုပါးလွှာ၊ ပေါ့ပါးပြီး ထိတွေ့မှုကိုတုန့်ပြန်တဲ့အခါ
ပိုမိုကောင်းမွန်လာမယ်လို့ ပြောပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ
G6 မှာ Snapdragon 835 Processor , 6GB RAM ပါလာမှာ ဖြစ်ပါတယ်။ LG ကတော့
တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
တရုတ် မီဒီယာEtnewsရဲ့ အဆိုအရ G6 ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီနေ့ဟာဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress မစခင်တစ်ရက်အလို ဖြစ်ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ G6 ကိုစတင်ရောင်းချမယ်လို့ သတင်းကဆိုပါတယ်။
LG G6 မှာ ၅.၇ လက်မ LCD QHD+ 2880x1440 Pixels Display တပ်ဆင် ထားမယ်လို့ သိရပါတယ်။ LG G5 ရဲ့ Screen Resolution ကတော့ 2560x1440 Pixels ဖြစ်ပါတယ်။ LG ရဲ့ Display များကိုထုတ်လုပ်ပေးနေတဲ့ LG Display ရဲ့ မိုဘိုင်းဌာနမှ အကြီးအကဲ ဖြစ်သူByeong-koo Kim က
“စမတ်ဖုန်းများရဲ့ သမားရိုးကျ မျက်နှာပြင်များနဲ့ ကွဲပြားတဲ့ 18:9 Aspect Ratio အသစ်ဖြင့် ဆန်းသစ်မှုတွေကိုယူဆောင်လာမှ
LG Display က မျက်နှာပြင်အသစ်ဟာယခင်ကထက် ပိုမိုပါးလွှာ၊ ပေါ့ပါးပြီး ထိတွေ့မှုကိုတုန့်ပြန်တဲ့အခါ
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com