1/17/2017

♪ LG G6 မှာ Battery ပြဿနာ နှင့် အပူလွန်ခြင်း မဖြစ်နိုင်ဟု အခိုင်အမာဆို ♫


တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ LG က ၄င်းရဲ့ အသစ်ထွက်ရှိမယ့် Flagship ဖုန်းဖြစ်တဲ့ G6 မှာ Battery ပြဿနာနဲ့ အပူလွန်ကဲမှု မဖြစ်နိုင်ကြောင်း ကတိပေး ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၆) မှာ Samsung ရဲ့ Galaxy Note 7 ပေါက်ကွဲခဲ့မှုဟာ စမတ်ဖုန်းအသုံးပြုသူတွေကို ထိန့်လန့်စေခဲ့ပြီး အထူးသဖြင့် Android အသုံးပြုသူအများစုဟာ ဖုန်းအားသွင်းတဲ့အခါမျိုးမှာ ပေါက်ကွဲမှာကို စိုးရိမ်နေကြရပါတယ်။

အခုလိုမျိုး အသုံးပြုသူတွေရဲ့ စိုးရိမ်မှုတွေ ပျောက်ပျက်စေဖို့အတွက် LG က ပိုမို လုံခြုံစိတ်ချရတဲ့ နည်းပညာတစ်ခုကို LG G6 က စပြီး ထည့်သွင်းတော့မှာဖြစ်တယ်လို့ ကတိစကား ပြောကြားလိုက် တာ ဖြစ်ပါတယ်။

LG အနေနဲ့ G6 ကို လာမယ့် (၂၀၁၇) ဖေဖော်ဝါရီလ ကုန်ပိုင်းမှာ စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပမယ့် MWC (Mobile World Congress) 2017 မှာ မိတ်ဆက်ပြသ မှာဖြစ်ပြီး အပူလွန်ကဲမှုကိုလျော့ချနိုင်ဖို့အတွက် laptop နဲ့ desktop တွေမှာ အသုံးပြုလေ့ ရှိတဲ့ heat pipes တွေကို အသုံးပြုမှာဖြစ်ပါတယ်။ ၄င်း heat pipes တွေက CPU ရဲ့အပူတွေကို အဝေးကို လွင့်ပျယ်စေမှာ ဖြစ်တယ်လို့သိရပါတယ်။

MWC အပြီး မတ်လ (၁၀) ရက်နေ့မှာတော့ LG အနေနဲ့ စမတ်ဖုန်းအသစ်တစ်ခုကို ထုတ်လုပ်ဖို့ရှိနေပြီး အခြား စမတ်ဖုန်း ကုမ္ပဏီတွေ အနေနဲ့လည်း ဘယ်လိုနည်းပညာတွေနဲ့ ဘယ်လို စမတ်ဖုန်းအသစ်တွေ ထုတ်လုပ် ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com