၂၀၁၇
ခုနှစ် နှစ်စမှာ Lenovo ကနေ ZUK Edge ကို စတင်ထုတ်လုပ်ဖြန့်ချိ ပေးသွားမှာ
ဖြစ်ပါတယ်။ ၎င်းဟာ နောက်ဆုံးပေါ် Android OS Version ကို အသုံးပြုထားတဲ့
အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ဖြစ်ပြီး လေးထောင့်ပုံစံဒီဇိုင်း ရှိပါတယ်။ ရိုး ရှင်းတဲ့ဒီဇိုင်းနဲ့လိုက်ဖက်ညီတဲ့ အဖြူရောင်နဲ့အမည်းရောင်ဆိုတဲ့ အရောင်နှစ်မျိုးကိုထုတ်လုပ် ပေးထားသလို ယာယီ မှတ်ဥာဏ်စွမ်းအားပေါ် မူတည်ပြီးလည်း Lenovo နှစ်မျိုးခွဲခြားပေးထားတာကိုတွေ့ရပါတယ်။
GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano SIM Card 2 Card ကို တစ်ပြိုင်နက်တည်းထည့်သုံးနိုင်တဲ့
Dual SIM စနစ် ပါရှိပါတယ်။ မျက်နှာပြင်ကို Capacitive Touchscreen
နဲ့ပြုလုပ်ပေးထားပြီး အကျယ် 5.5” ရှိပါတယ်။ ၎င်းမျက်နှာပြင်က 1080x 1920
pixels ရှိတဲ့ မြင်ကွင်းတွေ ကို ပြသပေးနိုင်ပြီး ၁လက်မသိပ်သည်းဆက 401ppi
pixels ရှိပါတယ်။ User Interface အနေနဲ့ ZUI 2.5 ကိုသုံးစွဲပေးထားပါတယ်။
အနောက်ကင်မရာက 13MP resolution ရှိပြီး ကြည်လင်ပြတ်သားတဲ့ ဗီဒီယိုတွေနဲ့
ဓာတ်ပုံတွေ ကိုရိုက်ကူးပေးနိုင်ပါတယ်။ Selfie ဓာတ်ပုံတွေကိုရိုက်ဖို့အတွက် 8MP ရှိတဲ့ အရှေ့ကင်မရာ လည်း ပါရှိပါသေးတယ်။
Internal Memory 64GB ကို ထည့်သွင်းထားပေမယ့် Mico SD Card ကို စိုက်ထည့်လို့မရနိုင်တာကြော င့် သာမန်ဖုန်းသုံးစွဲသူတွေအတွက်တော့ အဆင်ပြေပေမယ့် Data တွေအများကြီးကို သိမ်းဆည်းထား လို့တော့မရပါဘူး။ RAM က 4GB နဲ့ 6GB ပါရှိတဲ့ version နှစ်မျိုးကိုထုတ်လုပ်ပေးထား ပါတယ်။ အထဲမှာ Qualcomm MSM 8996 Snapdragon 821 နဲ့ Non-removable Li-Ion 3100 mAh battery ကိုထောက်ပံ့ပေးထားမှာပဲဖြစ် ပါတယ်။
<Specification>
Network - GSM/HSPA/LTE
CPU - Quad-core(2x2.35 GHz Kryo & 2x1.6GHz Kryo) Memory - 64GB
OS - Android OS, v7.0 (Nougat)
Bluetooth - v4.1, A2DP, LE
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano SIM Card 2 Card ကို တစ်ပြိုင်နက်တည်းထည့်သုံ
Internal Memory 64GB ကို ထည့်သွင်းထားပေမယ့် Mico SD Card ကို စိုက်ထည့်လို့မရနိုင်တာကြော
<Specification>
Network - GSM/HSPA/LTE
CPU - Quad-core(2x2.35 GHz Kryo & 2x1.6GHz Kryo) Memory - 64GB
OS - Android OS, v7.0 (Nougat)
Bluetooth - v4.1, A2DP, LE
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com