iPhone
တွေမှာ ဖုန်းအသုံးပြုသူကို ဖုန်းကနေ အသိပေးဖို့အတွက် Reminder စနစ်ကို
Built-in အနေနဲ့ ထည့်သွင်းပေးထား ပါတယ်။ ဒီစနစ်က သာမန်မှတ်စုအနေနဲ့ သာမကဘဲ
ကိုယ်ရှိနေတဲ့ နေရာကနေ ထွက်ခွာသွားတာနဲ့ ကိုယ့်ကို ဖုန်းကနေ အသိပေးတဲ့
Location အခြေပြု အသိပေးမှု တစ်နည်း အချက်ပေးမှု (Remind) တွေကို
ဖန်တီးနိုင်ပါတယ်။ တည်နေရာ (Location) အခြေပြု Reminder ဖန်တီးဖို့အတွက်
အဆင့် ၃ ဆင့်ရှိမှာ ဖြစ်ပါတယ်။ အရင်ဦးဆုံး Reminder အသစ်တစ်ခု
ဖန်တီးရပါမယ်။ ပြီးရင်တော့ ကိုယ်ဖန်တီးထားတာကို အချိန်သတ်မှတ် ပေးရပါမယ်။
အဲဒီနှစ်ဆင့် ပြီးရင်တော့ နောက်ဆုံးအနေနဲ့ Location ကို Reminder စနစ်ကို
ထပ်မံထည့် သွင်းပေးရမှာ ဖြစ်ပါတယ်။
အရင်ဦးဆုံး ဖုန်းကနေ Reminder အသစ်တစ်ခု ဖန်တီးဖို့ အတွက် App စနစ်ထဲက Reminder icon ကို နှိပ်လိုက်ပါ။

ပြီးရင်တော့ New List ဆိုတာ ကို နှိပ်ပါ။

ပေါ်လာတဲ့ လိုင်းကွက်ကို တစ်ချက်နှိပ်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ ဖုန်းရဲ့ ကီးဘုတ်စနစ် ပေါ်လာမှာဖြစ်ပြီး မိမိကို ဖုန်းကနေ အချက်ပေးလို့တဲ့ အကြောင်းအရာကို မှတ်သားလိုက်ပါ။ ပြီးရင်တော့ ညာဘက်ထောင့်နားလေးက အ၀ိုင်းထဲက i အသေးပုံစံ icon လေးကို တစ်ချက်နှိပ်ပေးပါ။

i အသေးပုံစံ icon ကို နှိပ်တာ က အဆင့် ၂ ဖြစ်တဲ့ အချက်ပေး စနစ်အတွက် အချိန်ကို ချိန်ညှိ သတ်မှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ icon လေးကို နှိပ်လိုက်ရင်တော့ အောက်ဖော်ပြပါ ပုံအတိုင်းပေါ် လာမှာဖြစ်ပြီး Remind me on a day ဆိုတဲ့ စာသားဘေးနားက ခလုတ်လေးကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ Alarm ဆိုတဲ့ စာသားကို ထပ်နှိပ်ပါ။

ရက်စွဲနဲ့ အချိန်တွေ ပေါ်လာ ရင်တော့ မိမိအနေနဲ့ ဖုန်းကနေ အသိပေးလို့တဲ့ အချိန်နဲ့ နေ့ရက်ကို သတ်မှတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အဆင့် ၂ ဖြစ်တဲ့ အချိန်သတ်မှတ်ခြင်း ပြီးဆုံးပြီပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး တည်နေရာကို ထည့်သွင်းသတ် မှတ်ပေးဖို့အတွက် Remind me at a location ဆိုတဲ့ စာသားဘေး နားက ခလုတ်လေးကို တစ်ချက်နှိပ်ပါ။

Location ခလုတ်ကို ဖွင့်ပြီးရင်တော့ အောက်နားက Location ဆိုတဲ့စာသားကို တစ်ချက်ထပ်နှိပ်ပါ။

ပြီးရင်တော့ Current Location ဆိုတာကို ရွေးလိုက်ပါ။ ဒါမှမဟုတ်ရင်တော့ Search bar ထဲမှာ မိမိရဲ့ တည်နေရာကို ရိုက်ရှာပါ။ ပြီးရင်တော့ "When I arrive" ဒါမှမဟုတ် "When I leave" ဆိုတဲ့တစ်ခုကို မိမိအနေနဲ့ ရွေးပေးပါ။ ကိုယ့်အနေနဲ့ ရောက်တာနဲ့ အသိပေးဖို့အတွက် တည်နေရာ Location ကို ရွေးထားတယ် ဆိုရင်တော့ When I arrive ကို ရွေးပေးပါ။ ဒါမှမဟုတ် ရှိနေ တဲ့နေရာကနေ ထွက်ခွာတာနဲ့ အသိပေးစေလိုရင်တော့ When I leave ဆိုတာကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Details ဆိုတဲ့ စာသားကို နှိပ်ပြီး ပြန်ထွက်လိုက်ပါ။

ပြီးရင်တော့ နောက်ဆုံးအနေ နဲ့ ညာဘက် အပေါ်ထောင့်နားက Done ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ တည်နေရာ အခြေပြု Reminder တစ်ခုကို ဖန်တီးမှု ပြီးဆုံးပြီပဲ ဖြစ်ပါတယ်။ တည်နေရာ ထည့်သွင်း အသုံးပြုတာ ဖြစ်တဲ့အတွက် ဖုန်းမှာ အသိပေးချက်ကို ထည့်သွင်းစဉ်မှာ အင်တာနက် ချိတ်ဆက်ထားဖို့ လိုမှာဖြစ်သလို အသိပေးဖို့အတွက် သတ်မှတ်ချိန် အတွင်းမှာ ဖုန်းမှာအင်တာနက် ချိတ်ဆက်မှု ရှိနေရမှာပဲ ဖြစ်ပါတယ်။

www.pyaephyo.com