ခန့်မှန်ေးဈးနှုန်း ဒေါ်လာ ၇၅၀ တန်ကြေးရှိမှာဖြစ်ပြီး (မြန်မာငွေ
ဆယ်သိန်းဝန်းကျင် ခန့် ရှိမှာ ဖြစ်တဲ့ ) ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်
ထုတ်လုပ်လိုက်တဲ့ HTC U Ultra နဲ့ U Play ဖုန်း ၂ မျိုးကို မနေ့က မနက် ၃း၀၀
နာရီ၊ လင်းအားကြီး အချိန်က စတင်ပြီး ကြော်ငြာခဲ့ပါတယ်။
5.7 လက်မ LCD display (2560 x 1440 pixels, super LCD 5) နဲ့ နည်းပညာအသစ်တွေ ထည့်သွင်းထားပြီး 12 MP Pixel Camera တပ်ဆင်ထားတဲ့ HTC U Ultra ကို HTC U Play နဲ့ အတူတူ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
ဖုန်း နဲ့ တက်ဘက်လက် ပေါင်းစပ်ထားတဲ့ Phablet အမျိုးအစားလည်းဖြစ်တဲ့ HTC U Ultra ရဲ့ အဓိက ထူးခြားချက် ကတော့ ဒုတိယမျက်နှာပြင် ပါဝင်လာမှု ပဲ ဖြစ်ပါတယ်။ သေးငယ်တဲ့ ၂ လက်မ အရွယ် strip ကလေး က ဆလိုက်ပုံစံ နဲ့ အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါကို HTC က Secondary Display လို့ သုံးနှုန်းပါတယ်။ အဲဒီ ဒုတိယ Display လေးဟာ Contact list, Music Playback , Noti, Remind စတာတွေအတွက် ပေါင်းစပ် အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။
တင်ကြိုပြောထားခဲ့သလို ရုပ်ပုံတွေ နဲ့ ဗွီဒီယိုဖိုင်တွေ ရဲ့ လှပတဲ့ Quad HD resolution ကို အခု ဗားရှင်းမှာ ခံစားနိုင်ပြီဖြစ်ပြီး ခြားနားချက် အသစ် က အခုန ပြောခဲ့တဲ့ Secondary Display ဟာ ညဏ်ရည်တု AI နည်းပညာ သုံးစွဲထားတာ ဖြစ်ပါတယ်။ Network ပိုင်းကလည်း တခြား HTC တွေ နဲ့ ကွဲပြားခြားနားသွားပြီး 2G,3G,4G တွေကို အထောက်အပံ့ပေးနိုင်ပါတယ်။
(secondary display ဆိုတာ အောက်မှာ ဖော်ပြထားတဲ့ သဏ္ဍာန်ဖြစ်ပါတယ်။)

အဲဒီအပြင်မှာ HTC U Ultra စမတ်ဖုန်းရဲ့ကိုယ်ထည်ကို အရာဝတ္တုတစ်ခုခုနဲ့ပွတ်တိုက်မိခြင်း၊ ဆောင့်မိခြင်းနှင့် ခြစ်မိခြင်း ၊
ပြုတ်ကျခြင်းစတဲ့ ဒဏ်တွေကိုအကြမ်းခံနိုင်အောင် ရည်ရွယ်ပြီး Metal နဲ့ Glass နှစ်မျိုးပေါင်းစပ်ထားတဲ့ Body နဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ အသစ်ထွက် အိုင်ဖုန်း ဗားရှင်းလိုပဲ Head Phone Jack ကို ဖြုတ်လိုက်တဲ့ HTC U Ultra ဟာ Gorilla Glass 5 မှန်သားပြင် ကာကွယ်မှုပြုပေးတဲ့ နည်းပညာထည့်သွင်းထားတဲ့ super LCD Display နဲ့ ထွက်ရှိလာတာဖြစ်ပြီး resolution 2560×1440 pixel အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။
HTC ရဲ့ High Tech နည်းပညာ တွေကို ပေါင်းစပ်ထားတဲ့ တခြား ဖုန်းတွေလိုမျိုး စိတ်ချယုံကြည်နိုင်တဲ့ အရည်အသွေး အပြည့်ရှိပြီး Android 7.0 Nougat ကို HTC Sense နဲ့အတူတူ တွဲဖက်သုံးစွဲရပါမယ်။ စွမ်းရည်မြင့် ဘက်ထရီ Capacity3000 mAh ပါရှိပြီး လျင်မြန်စွာ အားသွင်းပေးနိုင်မယ့် QuickCharge 3.0 နည်းပညာပါရှိပါတယ်။ ပရိုဆက်ဆာကတော့ လက်ရှိမှာ စွမ်းရည်အမြင့်ဆုံး ပရိုဆက်ဆာတွေထဲက တစ်ခု ဖြစ်တဲ့ Qualcomm Snapdragon 821 Quad-Core Processor ကို သုံးစွဲထားပါတယ်။
အခုအချိန်မှာ အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချဖို့ ပြင်ဆင်လျက်ရှိပြီး HTC ပရိသတ်တွေအနေနဲ့ အော်ဒါမှာကြားနိုင်ပြီဖြစ်ပြီး အရောင်တွေအနေနဲ့ အနည်းဆုံး ၄ ရောင်လောက် နဲ့ ထုတ်လုပ်လာနိုင်ဖွယ်ရှိနေပြီး အရောင်အတွက် ဖြစ်စေ၊ ဈေးနှုန်းအတွက်ရော သတင်း ကို လျှိုဝှက်ထားဆဲပဲ ဖြစ်ပါတယ်။
အောက်မှာ ဖော်ပြထားတာကတော့ HTC U Ultra ရဲ့ အချက်အလက် အပြည့်အစုံပဲ ဖြစ်ပါတယ်။
ဒါက HTC U Ultra နဲ့ U Play တို့ရဲ့ ဗွီဒီယိုဖိုင်တွေဖြစ်ပါတယ်။

| Display | 5.7-inch Super LCD5 display with Quad HD resolution 2.0-inch secondary display with 160 x 1040 resolution |
| Processor | 2.15 GHz quad-core Qualcomm Snapdragon 821 processor Adreno 530 GPU |
| RAM | 4 GB |
| Storage | 64/128 GB expandable via microSD up to 2 TB |
| Camera | 12 MP HTC Ultrapixel 2 camera, 1.55μm pixel, laser auto focus, PDAF, OIS, f/1.8 aperture, dual tone LED flash 16 MP front-facing camera |
| Connectivity | Wi-Fi®: 802.11 a/b/g/n/ac Bluetooth 4.2 NFC GPS + GLONASS USB Type-C (USB 3.1) |
| Software | Android 7.0 Nougat |
| Battery | 3,000 mAh |
| Dimensions | 162.41 x 79.79 x 3.6-7.99mm 170 grams |
www.pyaephyo.com