
Gionee
က 3500mAh Battery ၂ လုံးပါတဲ့ စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။
M2017 လို့အမည်ပေးထားပြီး ၂၆ နာရီဆက်တိုက် ဗီဒီယိုကြည့်နိုင်တယ်လို့ Gionee
က ပြောပါတယ်။ Standby သုံးရင် ၃၈ ရက်နဲ့ ဖုန်းပြောရင် ၃၁
နာရီအသုံးခံပါတယ်။
Quick Charge 3.0 ကြောင့် အားသွင်းရတာလည်း အလွန်လျှင်မြန်ပါတယ်။ M2017 မှာ ၅.၇ လက်မ 2560 x 1440 Pixels Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 12MP+13MP Camera ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ 6GB RAM တောင်ပါတဲ့အတွက် အလုပ်များစွာကို တစ်ပြိုင်နက်ပြုလုပ်နိုင်ပါ တယ်။
စွမ်းဆောင်ရည်သင့် 1.95GHz Octa-Core Qualcomm Snapdragon 653 Chipset
မောင်းနှင်မှာဖြစ်ပါတယ်။ Headphone Jack နဲ့ microSD Card တော့
မပါရှိပါဘူး။ 128GB နဲ့ 256GB Storage Model များ ရွေးချယ်နိုင်ပါတယ်။ Home
Button မှာ လက်ဗွေရာအာရုံခံကိရိယာ ထည့်ပေးထားပါတယ်။
Android 6.0 Marshmallow အခြေပြု Gionee Amigo 3.5 ထည့်သွင်းထားပါတယ်။ 128GB Model ကို ဒေါ်လာ ၁၀၀၇ နဲ့ 256GB Model ကို ဒေါ်လာ ၂၄၄၆ သတ်မှတ်ထားပါတယ်။ ဈေးနှုန်းကြီးမြင့်တဲ့အတွက် တရုတ်ပြည်သူပြည်သားအများစုနဲ့တော့ အဆင်မပြေပါဘူး။ Gionee က M2017 ကို တရုတ်နိုင်ငံပြင်ပ မှာ ရောင်းချမယ့်သတင်းကို မပြောသေးပါဘူး။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
Quick Charge 3.0 ကြောင့် အားသွင်းရတာလည်း အလွန်လျှင်မြန်ပါတယ်။ M2017 မှာ ၅.၇ လက်မ 2560 x 1440 Pixels Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 12MP+13MP Camera ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ 6GB RAM တောင်ပါတဲ့အတွက် အလုပ်များစွာကို တစ်ပြိုင်နက်ပြုလုပ်နိုင်ပါ
Android 6.0 Marshmallow အခြေပြု Gionee Amigo 3.5 ထည့်သွင်းထားပါတယ်။ 128GB Model ကို ဒေါ်လာ ၁၀၀၇ နဲ့ 256GB Model ကို ဒေါ်လာ ၂၄၄၆ သတ်မှတ်ထားပါတယ်။ ဈေးနှုန်းကြီးမြင့်တဲ့အတွက်
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com