1/17/2017

♪ Facebook Messenger ကနေ SMS ဖတ်ရှု၊ ပေးပို့နည်း ♫


Facebook က Messenger ကို ပင်မ Facebook App ကနေ ခွဲထုတ်ခဲ့ပါတယ်။ သူ့ရဲ့ Messenger ကို သီးခြား အသုံးပြုစေချင်တဲ့ သဘောပါ။ Messenger ရဲ့ စွမ်းဆောင်ချက်တွေကိုလည်း ဒီထက် ပိုမို ကောင်းအောင် ပြုလုပ်ပေးဖို့ ရည်ရွယ်ပါတယ်။ အမေရိကန်မှာ Messenger ကနေ ငွေလွှဲနိုင်ပါပြီ။ Messenger အတွက် Bot တွေကို Developer များ ဖန်တီးနိုင်မယ့် ပလက်ဖောင်းကိုလည်း မိတ်ဆက်ခဲ့ပြီးပါပြီ။

စီးပွားရေးလုပ်ငန်းတွေက ဖောက်သည်တွေ မေးမြန်းတာကို လူကိုယ်တိုင် ဖြေစရာမလိုတော့ဘဲ စက်ရုပ်တွေကို ဖြေခိုင်းနေပါပြီ။ CNN ရဲ့ Messenger Bot ကို ဖတ်ချင်တဲ့ သတင်း ရှာခိုင်းလို့ရပါပြီ။ Facebook က Messenger ကနေ SMS ပေးပို့၊ ဖတ်ရှုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှ SMS App ကို ထိစရာမလိုတော့ပါဘူး။

၁။ Messenger ကို ဖွင့်ပါ။ ညာဘက်အပေါ်ထောင့်စွန်းမှ လူပုံ အိုင်ကွန်ကို နှိပ်ပါ။

1
 
၂။ SMS ထဲသွားပါ။

2
 
၃။ SMS in Messenger ရဲ့ ညာဘက်ဘေးမှ Slider ကို တစ်ချက်နှိပ်ပြီး On ပေးပါ။ ဒီလိုလုပ်ပြီးရင်တော့ သင့်ဖုန်းဆီ SMS, MMS များ ၀င်လာရင် Facebook Messenger ကနေ ဖတ်နိုင်ပါပြီ။ Facebook Messenger ကနေလည်း SMS, MMS များ ပို့နိုင်ပါပြီ။ Default SMS app ကို On ပေးရင် Messenger ကို SMS အတွက် Default App အဖြစ် သတ်မှတ်ပေးမှာပါ။

3



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com