လက်ရှိ Las Vegas မှာ ကျင်းပပြုလုပ်နေတဲ့ Consumer Electronics Show
(CES) 2017 မှာ Asus အနေနဲ့ ထုတ်ကုန်အသစ်အတော်များများကို
ထုတ်ဖော်ပြသလျက်ရှိပြီး Dual Camera နဲ့ Zenfone 3 Zoom ကလည်း
တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ကင်မရာအသားပေးထုတ်လုပ်ထားတဲ့ စမတ်ဖုန်းဖြစ်တာနဲ့အညီ 2.3X optical Zoom ပါဝင်တဲ့ 12MP ကင်မရာနှစ်လုံး (dual camea) နဲ့ အတူ 13MP selfie camera ကိုအသုံးပြုတဲ့အတွက် မြင်ကွင်းဓာတ်ပုံတွေရိုက်ကူးဖို့ ရော selfie ရိုက်ကူးဖို့အတွက်ပါ အကောင်းဆုံး ရုပ်ထွက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းသာမက 5000mAh battery ကိုသုံးထားတဲ့အတွက် stand-by အနေနဲ့ (၄၂)ရက် အသုံးခံပြီး 4K video recording ကို (၆) နာရီကျော်ကြာ မနားတမ်းပြုလုပ်နိုင်တယ်လို့လည်းသိရပါတယ်။
Rose Gold, Glacier Silver နဲ့ Navy Black ဆိုပြီး အရောင်သုံးမျိုးထုတ်လုပ်ထားကာ စတင်ရောင်းချမယ့် နေ့နဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

www.pyaephyo.com