
Honor
USA က CES 2017 တွင် ဇန်န၀ါရီလ ၃ ရက်နေ့မှာ Honor
စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်မယ်လို့ ကြေညာပါတယ်။ စမတ်ဖုန်းအသစ်ရဲ့
သတင်းအချက်အလက်များကိုတော့ ပြောကြားခြင်း မရှိသေးပါဘူး။
ဒါပေမယ့် Huawei က အရိပ်အမြွက်ပြသတဲ့ ဓါတ်ပုံထဲမှာတော့ အနောက်ကင်မရာ ၂ လုံး တပ်ဆင်ထားတာကို တွေ့ရပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်မှာရောင်းချခဲ့တဲ့ Honor 8 နဲ့ တူညီတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ Honor စမတ်ဖုန်းအသစ်ကို အမေရိကန်မှာရောင်းချမှာ သေချာပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှာ Huawei က တရုတ်တွင် ဆန်းသစ်တဲ့ Honor Magic စမတ်ဖုန်းကို ရောင်းချခဲ့ပြီး မျက်နှာပြင်ကွေး ၂ ခု တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာလည်း ကင်မရာ ၂ လုံးကို ပူးတွဲတပ်ဆင်ထားပါတယ်။ CES မှာပြသမယ့် စမတ်ဖုန်းအသစ်ဟာလည်း အဲဒီဒီဇိုင်း ဖြစ်နိုင်ပါတယ်။ လက်ရှိမှာတော့ Huawei က အမေရိကန်မှာ Honor 5X နဲ့ Honor 8 တို့ကို ရောင်းချပေးနေပါတယ်။ ဖုန်း ၂ လုံးစလုံးဟာ ဈေးနှုန်းသက်သာပါတယ်။
CES မှာမိတ်ဆက်မယ့် စမတ်ဖုန်းအသစ်မှာ Android Nougat ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ CES မှာ နည်းပညာကုမ္ပဏီများက မိတ်ဆက်မယ့်ဖုန်းများဟာ ရေစိုခံနိုင်ပြီး ခေါက်ချိုးနိုင်တဲ့စမတ်ဖုန်းများဖြစ်မယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
ဒါပေမယ့် Huawei က အရိပ်အမြွက်ပြသတဲ့ ဓါတ်ပုံထဲမှာတော့ အနောက်ကင်မရာ ၂ လုံး တပ်ဆင်ထားတာကို တွေ့ရပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်မှာရောင်းချခဲ့တဲ့ Honor 8 နဲ့ တူညီတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ Honor စမတ်ဖုန်းအသစ်ကို အမေရိကန်မှာရောင်းချမှာ သေချာပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှာ Huawei က တရုတ်တွင် ဆန်းသစ်တဲ့ Honor Magic စမတ်ဖုန်းကို ရောင်းချခဲ့ပြီး မျက်နှာပြင်ကွေး ၂ ခု တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာလည်း ကင်မရာ ၂ လုံးကို ပူးတွဲတပ်ဆင်ထားပါတယ်။ CES မှာပြသမယ့် စမတ်ဖုန်းအသစ်ဟာလည်း အဲဒီဒီဇိုင်း ဖြစ်နိုင်ပါတယ်။ လက်ရှိမှာတော့ Huawei က အမေရိကန်မှာ Honor 5X နဲ့ Honor 8 တို့ကို ရောင်းချပေးနေပါတယ်။ ဖုန်း ၂ လုံးစလုံးဟာ ဈေးနှုန်းသက်သာပါတယ်။
CES မှာမိတ်ဆက်မယ့် စမတ်ဖုန်းအသစ်မှာ Android Nougat ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ CES မှာ နည်းပညာကုမ္ပဏီများက မိတ်ဆက်မယ့်ဖုန်းများဟာ ရေစိုခံနိုင်ပြီး ခေါက်ချိုးနိုင်တဲ့စမတ်ဖုန်
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com