1/06/2017

♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ " ♫

Image may contain: one or more people, phone and text

မေး - Firmware ရေးနည်းလေးပြောပြပေးပါ။
ဖြေ - Google မှာ ရှာကြည့်လိုက်ပါ။ How Install Huawei Firmware, How To Install Sony Firmware စသည်ဖြင့်ပေါ့။

မေး - Coolpad တို့ Huawei တို့ PC မလိုဘဲ Firmware တင်လို့ရပါသလား။
ဖြေ - မရပါ။

မေး - Samsung ဖုန်း စစ်/မစစ် ဘယ်လိုစစ်ရမလဲ။
ဖြေ - Samsung ဖုန်း စစ်/မစစ်ခွဲကြည့် Ph Dail မှာ *#0*# နှိပ်ကြည့်ပါ။ Clone တွေက ဘာမှမပေါ်ပါ။ အစစ်တွေက အထဲမှာ Sensor, Color, Touch, Sleepmode တို့ စမ်းလို့ရပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့် Phone က Power ဖွင့်ထားပြီးသုံးရင် သုံးလို့ရပြီး Lock Screen က ပိတ်သွားပြီး ပြန်ဖွင့်ရင် ဖွင့်လို့မရဘူး။ Battery ဖြုတ်၊ Battery ပြန်ထည့်ပြီး Power ပြန်ထည့်ပြီး Power ပြန်ဖွင့်ပြီးသုံးရင် သုံးလို့ရတယ်။ Lock Screen က ပြန်ကျသွားရင် Power ပြန်ဖွင့်လို့မရတော့ဘူး။ အဲ့ဒါဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကိုရေ အဲ့ဒါက Sleep Mode Error ဖြစ်တာဗျ။ အဲ့လို Error မျိုးက Wi-Fi IC ဖြုတ်ပေးမှ အဆင်ပြေပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့် Phone က Touch လဲထားတာ တစ်ပတ်လောက်ရှိပြီး ခုသုံးလို့မရတော့ဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကိုရေ အဲ့ဒါက Touch Quality မကောင်းလို့ဖြစ်တာပါ။ Touch အသစ်ပြန်လဲပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့် Phone က Record ဖမ်းရင်ဖြစ်ဖြစ်၊ Video ရိုက်ရင်ဖြစ်ဖြစ် အသံဖမ်းလို့ရတယ်။ Phone ပြောရင်တော့ ကျွန်တော်ပြောတဲ့ အသံကို တစ်ခြားဘက်က မကြားရဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကိုရေ တစ်ချို့ Phone တွေမှာကြတော့ Mic က ၂ လုံးပါတယ်။ Record ဖမ်းဖို့အတွက် Mic ၁လုံး၊ Phone ပြောရင်း အလုပ်လုပ်ဖို့အတွက် Mic ၁ လုံးပါတယ်။ အစ်ကို့ Phone က Record ဖမ်းပေးတဲ့ Mic က ကောင်းပြီး Phone ပြောဖို့အလုပ်လုပ်ပေးတဲ့ Mic က ပျက်နေတဲ့အတွက်ကြောင့် အသစ်လဲပေးရပါလိမ့်မယ်။

မေး - အစ်ကို ကျွန်တော်က Viber သုံးပါတယ်။ အခုကျွန်တော့် Viber က User Picture (or) Profile တင်တဲ့အခါ Low Storage Space (or) Not Enough Storage Space ဖြစ်နေပါတယ်။ အဲ့ဒါ ဖြေရှင်းနည်းလေးသိချင်လို့ပါ။
ဖြေ - ဟုတ်ကဲ့။ အဲ့ဒါက အစ်ကိုတို့ဖုန်းရဲ့ Internal Storage Space ပြည့်နေလို့ပါ။ အဲ့ဒါက ဂိမ်းတွေ၊ Application တွေအများအပြား Install လုပ်ထားတဲ့အခါတွေမှာ ဖြစ်တတ်သလို Internal Storage ထဲမှာ တစ် ခြားဖိုင်တွေနဲ့ပြည့်နေတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ အဲ့တာကိုနည်း ၂ နည်းနဲ့ဖြေရှင်းလို့ရပါတယ်။ ပထမတစ် ချက်က Internal Storage ထဲက ဖိုင်တွေကိုရှင်းလျှင်ရသလို နောက်တစ်နည်းက SD Card ထည့်ထားလျှင် ဖုန်းရဲ့ Setting ထဲက Storage ထဲက Default Write Disk ဆိုသောနေရာတွင် Internal Storage ကို Select ပေးထားပါလိမ့်မယ်။ ဒါဆိုရင် SD Card ကိုပြောင်းပြီး Select ပေးပါ။ ပြီးလျှင် Restart ချပေးလိုက်ပါ။ အဆင် ပြေသွားပါလိမ့်မယ်။

မေး - ကျွန်တော့်ဖုန်းက Samsung S3 ပါ။ ပါဝါခလုတ်ကိုနှိပ်လိုက်ရင် ပါဝါတတ်တယ်။ Logo လောက်မှာပြန် ပြုတ်ပြုတ်ကျနေတယ်။ ဘယ်လိုလုပ်ရင်အဆင်ပြေမလဲဗျ။
ဖြေ - ဒါဆိုရင် ဖုန်းဘက်ထရီ Connector နားက Component များကို စစ်ရပါမယ်။ Charging IC နဲ့ သူ့ဘေး က Component လေးတွေကိုစစ်ကြည့်ပါ။ ရေ၀င်တယ်ဆိုရင်တော့ Wi-Fi IC အဖြစ်များပါတယ်။ Wi-Fi IC ကြောင့်ဆိုရင် Amper လက်တံက ပုံမှန်မတတ်ဘဲ ပိုတတ်နေတတ်ပါတယ်။ ဒါပေမဲ့ Crystal X, Power Crystal လေးမကောင်းရင်လည်း အဲလို Error မျိုးတတ်ပါတယ်။ ဒါက Hardware ပါ။ အရင်လုပ်ကြည့်ရမှာကတော့ Farmware အရင်တင်ကြည့်ပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Y511 Huawei အမျိုးအစားပါ။ ရုပ်ထွက်မလာဘူး။ LCD က ဖွေးနေတယ်။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - Y511 တွေမှာဆိုရင် Coil, Condencer, Diocle တို့က Backlight ပိုင်းမှာ အဓိကလုပ်ဆောင်ပါတယ်။ အခုလို LCD ဖွေးနေတာကတော့ LCD Connector နားက Fuse ၃ လုံးကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ Fuse လေး တွေကို သေချာလဲလှယ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com