11/02/2016

♪ Windows 10 Lock Screen ကို Disable ပြုလုပ်ခြင်း ♫


Windows 10 ရဲ့ Lock Screen ဟာ သုံးစွဲသူတွေအတွက်တော့ အရမ်းအသုံးဝင်တဲ့ Tool တော့ မဟုတ်ဘူးပါဘူး။ အဆိုပါ Windows 10 Lock Screen ကို Disable ပြုလုပ်ချင်သူတွေအတွက် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း disable ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Lock Screen ကို Disable ပြုလုပ်ဖို့အတွက် Group Policy Editor ကနေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Group Policy ကို အသုံးပြုဖို့အတွက် Win + R key ကို နှိပ်ပြီး Run box ကိုခေါ်လိုက်ပါ။ Run box ထဲမှာ gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ပါ။



Group Policy Editor box ကျလာပြီဆိုရင် Computer Configuration\Administrative Templates\Control Panel\Personalization ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။




Personalization အောက်ကိုရောက်ပြီဆိုရင် Do not display the lock screen ဆိုတာကို ရွေးချယ်လိုက်ပါ။




အဆိုပါ ဖိုင်ကို Double-click နှိပ်ပြီးဖွင့်ရပါမယ်။ ဖွင့်ပြီးသွားပြီဆိုရင် Enable ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။




Enable ပြုလုပ်ပြီးပြီဆိုရင် Ok ဒါမှမဟုတ် Apply ဆိုတဲ့ခလုတ်ကို နှိပ်ပြီး Group Policy Editor ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် Windows 10 Lock Screen ကို Group Policy Editor ကနေ disable ပြုလုပ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။

Credit to ==> http://www.ijmobile.media/



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com