11/20/2016

♪ “Google သိနေသောသင်” ♫


အွန်လိုင်းသုံးပြီဆိုလျှင် Search engine နှင့် ကင်း၍မရ။ ထိုအခါ နာမည်ကြီး Search engine ဖြစ်သော Google နှင့်တစ်ကြိမ်မဟုတ် တစ်ကြိမ် ကြုံရမည်။ Google ကိုသုံးသဖြင့် မိမိ၏ privacy လုံးဝ မထိ ခိုက်ဟု ထင်သူက ထင်သည်။ search history ကို ဖျောက်လိုက် လျှင် ကိစ္စပြီးပြီဟု ဆိုသူတို့လည်းရှိသည်။ ထိုသို့မဟုတ်ပါ။ အွန်လိုင်းတွင် Google နှင့်မကင်းဟု ဆိုပါက သင့်အကြောင်း အတော်များများကို Google က သိနေပါ သည်။ မည်သည်တို့ကို သိနေပါ သနည်း။

User တစ်ဦး Google အသုံးပြုကာ ၀င်ရောက်ခဲ့သော webpage အားလုံးကို Google က သိနေပါသည်။Google က user တစ်ဦးနှင့်ပတ်သက် သည့် အွန်လိုင်းသတင်း အချက်အလက်များကို အလွန်အကျွံ စောင့်ကြည့် သည်ဟုဆိုလျှင် လွန်မည်မထင်ပါ။ ထိုကိစ္စနှင့်ပတ်သက်ပြီး Google က သိမ်းဆည်းထားသော My activity တွင် ၀င်ရောက်ကြည့်ရှုက သိနိုင်ပါသည်။ My activity သည် Google ကသုံးသော Privacy dashboard ဖြစ်ပါသည်။ user တစ်ဦး Google သုံး၍ ပြုလုပ်ခဲ့သော search မှန်သမျှကို ယင်းနေရာတွင် သိမ်းထားပါသည်။ ၀င်ခဲ့သမျှ website များ၊ download ဆွဲချခဲ့ သမျှ app များ၊ ပြင်ပလောကတွင် မိမိသွားလာခဲ့သောနေရာများ ထိုနေရာတွင်ရှိနိုင်သည်။

My activity ကိုကြည့်လိုလျှင် https//myactivity google. com တွင် ကြည့်ရှု နိုင်သည်။ Sign in လုပ်ရန်အတွက် Google account ပြုလုပ်စဉ်က သုံးခဲ့သော user name နှင့် password ကို ထည့်ပေး ရပါမည်။ browsing history ကို ကြည့်လိုလျှင် Filter by date နေရာတွင် ကလစ်နှိပ်ရပါမည်။ Section ၏ အောက်ခြေပိုင်းတွင်ရှိသော Chrome ကို အမှန်ခြစ်ပေါ်အောင် လုပ်ပေးရ ပါမည်။

ပြီးလျှင် search နေရာ၌ကလစ်နှိပ်ရပါမည်။ အပြာရောင် မှန်ဘီလူးပုံလေး နေရာဖြစ်ပါသည်။အင်တာနက်သုံးခဲ့သည့် ကာလရှည်လျှင် ရှည်သလောက် information overload ဖြစ်နိုင်သည်။ မဆုံးနိုင်သော website များစာရင်းကို တွေ့ရမည်။ အပေါ်ဘက်တွင် Google က ပြောထားသည့် အကြောင်း တစ်ကြောင်းရှိသည်။ ဤ data များကို user မှလွဲပြီး အခြားသူများ ကြည့်ခွင့်မပြုသည့်စာကြောင်း။ Privacy နှင့် ပတ်သက်၍လည်း Google ၏ Guideline ရှိသည်။ ယင်းမှာ Google က သိမ်းဆည်းသော data တို့သည် user ၏ အွန်လိုင်းအတွေ့အကြုံနှင့်သာ တိုက်ရိုက်ပတ်သက် မည်ဆိုသည့် အချက် ဖြစ်ပါ၏။ကံကောင်းသည့်အချက် မှာ Google က သိမ်းဆည်းထားသော browsing history ကို ဖျက်ပစ်နိုင်ခြင်းပင်။ ပထမဦးစွာ ဘယ်ဘက် panel တွင်ရှိသော မိမိ၏ browsing history အား bundle view ဖြင့် ကြည့်ရန် ရွေးချယ်ပေးရပါမည်။ ထိုအခါ website တစ်ခုအောက်ရှိ page များအား တစ်ခုတည်းပြမည်ဖြစ်၍ မြင်ကွင်းကျုံ့ပါမည်။ Item view ဖြင့်ကြည့်လျှင် မြင်ကွင်းကျယ်ပါလိမ့်မည်။ ယင်းနောက်တွင် Window တစ်ခုအတွက် ပြပေး သော Window ၏ အပေါ် ညာဘက်ထောင့်တွင် ရှိသော အစက်သုံးစက်ကို ရွေးပြီး ကလစ်နှိပ်ပါ။ ပြီးလျှင် Delete ၌ ကလစ်နှိပ်ပါ။

မိမိ၏ browsing history အား အနာဂတ်ကာလတွင် Google က စုဆောင်း ခြင်းကိုလည်း ကာကွယ်နိုင်သည်။ ဦးစွာ menu icon တွင် ကလစ်နှိပ်ပါ။ Activity controls သို့ဝင်ပါ။ Web and app slider ကို ဘယ်ဘက်သို့ရွှေ့ပါ။ ပြီးလျှင် pause ၌ ကလစ်နှိပ်ပါ။ ဤသို့ ပြုလုပ်လိုက်သည့်အတွက် တစ်ဖက် တွင် မိမိ၏ browsing history အား refer လုပ်လိုသည့်အခါတွင် အခက်တွေ့ ပါမည်။ အခြားပြုလုပ်နိုင်သော နည်းလမ်းတစ်ရပ်မှာ browser ကို incognito mode မှ ၀င် ရောက်အသုံးပြုခြင်းဖြစ်သည်။ ထိုအခါတွင် Google က browsing history မှတ်တမ်းတင်သိမ်းဆည်းခြင်းကို ယာယီရပ်ဆိုင်းပေးပါ မည်။ incognito mode ကိုသုံးရန်အတွက် task bar တွင်ရှိသော chrome icon နေရာတွင် ညာကလစ်ထောက်ပါ။ ပြီးလျှင် New incognito window ကို ရွေးချယ်ပါ။အွန်လိုင်းမှာ Google ၏ ၀န်ဆောင်မှုတစ်ရပ်ရပ်အတွက် ငွေပေး ချေဖူးပါက မိမိ၏ credit card information ကို Google က သိနေပါ သည်။ 


အွန်လိုင်းမှာ ငွေနှင့်ကြေးနှင့် ပတ်သက်နိုင်သော Google ၏ ၀န်ဆောင်မှု တစ်ခုမှာ Playstore ဖြစ်သည်။ ယင်းနေရာ၌ စာအုပ်များ၊ သီချင်းများ၊ app များ၊ ရုပ်သံဇာတ်လမ်းတွဲများကို အခပေး၍ ၀ယ်ယူနိုင် သည်။ အွန်လိုင်းသုံး ငွေကြေးစနစ်ဖြင့် အခပေးဝယ်ယူမည်ဆိုပါက မိမိ၏ debit-card နှင့် အချက် အလက်များကို နောက်ပိုင်းတွင် သုံးစွဲသူ မပယ်ဖျက်မခြင်း Google က သိမ်းဆည်းထားပါသည်။

ယင်းကိစ္စ အတွက် Chrome browser ကိုဖွင့်ပြီး www.snipca.com/21595 တွင် ၀င် ရောက်ကြည့်ရှုနိုင်ပါသည်။ထိုနေရာတွင် မိမိသုံးခဲ့သော ငွေပေးချေ မှုစနစ်တစ်ခုစီနှင့်ပတ်သက်သည့် စာရင်းကို တွေ့ရပါမည်။ ဥပမာပြောရလျှင် debit-card ဖြင့်ပေး ချေခြင်း၊ PayPal ဖြင့် ပေးချေခြင်း စသည်တို့ဖြစ်ပါသည်။ ငွေပေးချေ မှုကတ်တစ်ခုနှင့် ပတ်သက်သည့် အချက်အလက်များအား ဖျက်ပစ်လိုပါက Remove ကို ကလစ်နှိပ်ရပါမည်။ သို့ဖြင့် ကတ်တစ်ခုချင်း remove လုပ်သွားနိုင်ပါသည်။ ဤသို့ပြုလုပ်ခြင်းသည် ငွေချေကတ်တစ် ခုနှင့်ပတ်သက်သည့် အချက်အလက် အသေးစိတ်တို့ကို ဖျက်လိုက်ခြင်း ဖြစ်သဖြင့် နောက်တစ်ကြိမ် Google Play Store ၌ ပစ္စည်းဝယ်ပါက ယင်း အချက်အလက်များကို စေမှပြန်၍ ဖြည့်သွင်းပေးဖို့လိုပါသည်။ Google က user ၏ အမည်၊ ဖုန်းနံပါတ်နှင့် အလုပ်အကိုင်တို့ကို သိနေနိုင်သည်။


Google account လုပ်ပြီဆိုသည့်အခါ (Gmail account လည်း အတူတူ ဖြစ်ပါသည်) မိမိ၏အမည်၊ မွေးသက္ကရာဇ်တို့ကို မဖြစ်မနေ ထည့်ပေးရသည်။ ထို့ပြင် ကျား/မ နှင့် နေထိုင်ရာမြို့၊ တိုင်းပြည်တို့ကို ထည့် ပေးရသည်။ Google account များ အလွန်ဖောင်းပွလာသောအခါ ယင်းကို ထိန်းချုပ်ရန်အတွက် ယခုနောက်ပိုင်းတွင် account ပိုင်ရှင် ဖုန်းနံပါတ်ကို Google က တောင်းပြီး ယင်းထဲသို့ activation code ထည့်ပေးကာ activate လုပ်စေပါသည်။ My Activity မှာ ၀င်ကြည့် လျှင် Google က မိမိနှင့်ပတ်သက်ပြီး မည်မျှထိ မှတ်သားထားကြောင်း သိရပါလိမ့်မည်။ Google သိမ်းထားသည့်အထဲတွင် ပညာရေး ရာဇ၀င် အလုပ်အကိုင်ရာဇ၀င်မှသည် နေရပ်လိပ်စာ အသေးစိတ် ထိပါသည်။ ယင်း information တို့ကို Google + ဖြင့် ရယူသိမ်းဆည်းပါသည်။


သိမ်းဆည်းထားသော အချက်အလက်များသည် ကြာလာလျှင် သွေလွဲမှုများ ရှိလာမည်ဖြစ်သော်လည်း ဤမျှလောက်အထိ မှတ်သားထား သည်ကိုပင် အံ့သြရပါသည်။ Account နှင့်ပတ်သက်ပြီး Google မည်မျှမှတ်သား ထားသည်ကို သိလိုလျှင် My Activity ခေါင်းစဉ်အောက်ရှိ My Account တွင် ၀င်ကြည့်နိုင်သည်။ My Account ရှိ personal info & privacy > your personal info တွင် ၀င်ကြည့်လျှင် အသေး စိတ်သိနိုင်သည်။ About me ဘေးတွင်ရှိသော Edit what others see about တွင် ကလစ်နှိပ်ပြီး ယင်းအချက်အလက်များကို Edit လုပ်နိုင်သည်။

သတင်းအချက်အလက်တစ်ခုခုကို ဖျက်မည်ဆိုလျှင် ခဲတံပုံနေရာတွင် ကလစ်နှိပ်ရပါမည်။ ပြီးလျှင် X icon ကိုဆက်၍ ကလစ်နှိပ်ရပါမည်။ သတင်း အချက်အလက်တို့ကို ဖျက်နိုင်သည် ဆိုသော်လည်း ကျား/မ မွေးရက်နှင့် အလုပ်အကိုင်တို့ကို ဖျက်မပစ်နိုင်ပါ။ သို့သော် ယင်းအချက်အလက်တို့အား မည်သူသာ မြင်ခွင့်ရစေမည်ကို သတ်မှတ်ပေးနိုင်သည်။ ထိုကိစ္စအတွက် သက်ဆိုင်ရာ entry ဘေးတွင်ရှိသော ကမ္ဘာလုံးပုံ icon ကို နှိပ်ရပါမည်။ ပြီးလျှင် private သို့မဟုတ် Your circles ကို ရွေးရ ပါမည်။ your circles ကို ရွေးလျှင် Google + ရှိ သူငယ်ချင်းအဆင့် ရသူများသာ ယင်းအချက်အလက် တို့ကို မြင်နိုင်ပါမည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com