
Sony
 Xperia Z3 Plus ကတော့ အရင်ထုတ်လုပ်ခဲ့တဲ့ Z3 ကို အဆင်မြှင့်တင်ထားတဲ့ 
စမတ်ဖုန်းဖြစ်ပေမယ့် ဒီဇိုင်းပုံစံကို Z3 နဲ့ အရမ်းကြီးမကွာခြားပါဘူး။ 
ပိုမိုပါးလွှာပြီး ပိုမိုရှင်းလင်းသွားတာပဲ ရှိပါတယ်။ အရှေ့နဲ့ 
အနောက်မျက်နှာပြင်တွေကို Z3 ထက် ချော်ထွက်မှုနည်းအောင် 
ပြုလုပ်ပေးထားတာကြောင့် ကိုင်တွယ် သုံးစွဲရတာ အဆင်ပြေပါတယ်။
Sony ရဲ့ ထုံးစံအတိုင်း ကင်မရာစွမ်းအား အထူးမြင့်မားတာကိုတွေ့ရပြီး  video
 stabilization စနစ်နဲ့ 4K ဗီဒီယိုတွေကို ဖမ်းယူနိုင်ပါတယ်။ IP68 certified
 ရရှိထားပြီး ရေစိုခံနိုင်တဲ့အတွက် ရေအနက် ၁ မီတာခွဲမှာ မိနစ် ၃၀ ကြာမျှ 
အသုံးပြုနိုင်ပါတယ်။ မျက်နှာပြင်က 1080×1920 ရှိတဲ့ 
မြင်ကွင်းစွမ်းအားတွေကိုပေး စွမ်းနိုင်ပြီး ခြစ်ရာတွေကိုခံနိုင်တဲ့ မှန်နဲ့ oleophobic coating တို့ကို ထပ်မံဖုံးအုပ်ကာကွယ်ပေးထားပါတယ်။
ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ လက်ချောင်း ၁၀ ချောင်းထိ တစ်ပြိုင်နက်တည်းထိန်းချုပ် နိုင်တဲ့
 multitouch စနစ်လည်းပါရှိပါတယ်။ ထည့်သွင်းအသုံးပြုထားတဲ့ ဘက်ထရီကတော့ 
Non-removable Li-Ion 2930mAh battery ပါ။ အဖြူရောင်၊ အမဲရောင်၊ 
ကြေးနီရောင်နဲ့ အစိမ်းရောင်တို့ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
 
Specification
Display : 5.2 inch, IPS LCD capacitive touchscreen
Memory : 32 GB, 3 GB RAM, microSD, upto 128GB
Camera : 20.7MP, autofocus, LED flash, geo-tagging, touch focus
OS : Android OS, v5.0 (Lollipop)
 
Phone - 09-8617210 (CTM)
 
Price - 445,000 Ks
 
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
Sony ရဲ့ ထုံးစံအတိုင်း ကင်မရာစွမ်းအား အထူးမြင့်မားတာကိုတွေ့ရပြီး
ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ လက်ချောင်း ၁၀ ချောင်းထိ တစ်ပြိုင်နက်တည်းထိန်းချုပ်
Specification
Display : 5.2 inch, IPS LCD capacitive touchscreen
Memory : 32 GB, 3 GB RAM, microSD, upto 128GB
Camera : 20.7MP, autofocus, LED flash, geo-tagging, touch focus
OS : Android OS, v5.0 (Lollipop)
Phone - 09-8617210 (CTM)
Price - 445,000 Ks
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com