လာမည့်နှစ်
 အစောပိုင်းတွင် ထွက်ရှိမည်ဟု ကောလာဟလသတင်း ထွက်ပေါ်နေသော ၁၀.၉ လက်မ iPad 
တွင် physical home ခလုတ် ပါဝင်မည် မဟုတ်ကြောင်း၊ အဆိုပါ ဒီဇိုင်း 
ဆုံးဖြတ်ချက်ကြောင့် အရွယ်ကြီးမားသည့် screen ကို လက်ရှိ ၉.၇ လက်မ iPad Pro
 အရွယ်အစားတွင် အံဝင်ခွင်ကျ ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း ဂျပန်ဆိုက် 
Makotakara မှ ဖော်ပြခဲ့သည်။
ထို့အပြင် အသစ်ထွက်မည့် iPad တွင် ပါးလျသော screen ဘေးအနားကွပ်ဘောင်များ ပါဝင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း အထူက ပိုမိုလာမည်ဖြစ်ကြောင်း သိရသည်။ ၁၀.၉ လက်မ iPad ၏ အထူသည် ၇.၅ မီလီမီတာ ရှိမည်ဖြစ်ပြီး ၎င်းသည် ၂၀၁၃ ခုနှစ်ကဖြန့်ချိခဲ့သော iPad Air ၏ အထူနှင့် တူညီကြောင်း Makotakara မှ ဖော်ပြခဲ့သည်။ အထူပိုမိုလာရခြင်းမှာ iPad ၏ ဘက်ထရီနှင့် Apple Pencil အထောက်အပံ့ပေးသော display နည်းပညာကြောင့် ဖြစ်ဖွယ်ရှိသည်။
Ref: TheVerge
သီဟထိုက်

www.pyaephyo.com