11/21/2016

♪ “Huawei Y6II” ♫


Y6II တွင် ပါဝင်သည့် ကြီးမားသော ၅.၅ လက်မ မျက်နှာပြင်တွင်၊ အရောင် တောက်ပ စွာ ဖော်ပြပေးနိုင်သည့် 720p HD resolution ပါဝင်ပြီး၊ ဖုန်း ကိုယ်ထည်မှာ လက်ထဲတွင် ဆုပ်ကိုင်ထားချိန်၌ ကြီးမားမနေဘဲ ကျစ်လျစ် သိပ်သည်းမှုရှိသည့်အပြင် နောက်ဖုံးကာဗာမှာ စွဲမက်ဖွယ်ရာကောင်းလှသော လှိုင်းတွန့်သဏ္ဌာန်မျက်နှာပြင်နှင့် ဖုံးအုပ်ပေးထားသောကြောင့် လက်နှင့် အထိအတွေ့မှာလည်း သက်သောင့်သက်သာရှိကာ မိမိရရဆုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

Huawei ကိုယ်ပိုင်ထုတ် Chipset တစ်ခုဖြစ်သည့် Kirin 620 processor မှာ အမြန်နှုန်း Octa-core 1.2 GHz ရှိသည့်အပြင် 64bit CPU အမျိုးအစားဖြစ်သော ကြောင့် လုပ်ငန်းတာဝန်များကို လျင်မြန်စွာဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါသည်။ CPU နှင့်တွဲဖက်လုပ်ဆောင်ရန်နှင့် လုပ်ဆောင် ချက်များကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ရန်အတွက် RAM ပမာဏ 2GB ရှိပြီး သတင်းအချက်အလက်များနှင့် ဒေတာ များကို သိမ်းဆည်းရန် 32GB ROM တို့ကို တွဲဖက်အသုံးပြုထားပါသည်။

Huawei Y6II တွင် 3000mAh ပမာဏရှိသော ဘက်ထရီ ကိုထည့်သွင်း ပေးထား သည့်အပြင် စွမ်းအင် ချွေတာရေးနည်းပညာများကိုလည်း အသုံးပြု ထားသောကြောင့် ဖုန်းကို အားအပြည့် သွင်းထားလျှင် တစ်ရက်ကျော် အသုံးခံ ပါသည်။ Huawei Y6II တွင် လက်ရှိအော်ပရေတာများထုတ်လွှင့်ထားသော 4G ကွန်ရက် များကို ထောက်ပံ့ပေးနိုင်သည့်အပြင် SIM ကတ် ၂ ကတ်ကို လည်း တစ်ပြိုင်နက်တည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။ တစ်ကတ်တွင် 3G/4G အသုံးပြုနေလျှင် အခြားတစ်ကတ်တွင် 2G သို့ ပြောင်းလဲ သွားမည် ဖြစ်ပါသည်။


Huawei Y6II တွင် ဆင်းကတ်နှစ်ကတ်နဲ့ SD ကတ်ထည့်သွင်း နိုင်သည့် နေရာ ၃ နေရာ ပါဝင်သဖြင့် ဆင်းကတ်နှစ်ကတ်အသုံးပြုနေချိန်တွင် SD ကတ်ပါ ထပ်မံစိုက်၍ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Huawei Y6II ကို အရောင် ၅ ရောင် ထုတ်လုပ်ပေးထားပါသည်။ Huawei Showroom တွင် Y6II ၀ယ်ယူပါက 16GB SD Card လက်ဆောင် ရရှိပါမည်။

<Specification>

Network - GSM/HSPA/LTE
Processor - Octa Core 1.2 GHz
Screen - 5.5 inches
Camera - 13 MP
Storage - 16 GB
OS - Android OS, v 6.0
Contact - 01-2304749

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com