11/21/2016

♪ iOS 10 ရဲ့ color filter feature ကို ဘယ်လိုသုံးမလဲ ♫


ကမ္ဘာပေါ်မှာ colourblind ဝေဒနာ ခံစားနေရတဲ့သူတွေ အတော်များများရှိပါတယ်။ အစိမ်းရောင်ကို မမြင်ရတာမျိုး ၊ အနီရောင်ကိုမမြင်ရတာမျိုး ၊ အပြာရောင်ကိုမမြင်ရတာမျိုး စတဲ့ အရောင်တစ်မျိုးမျိုးကို မမြင်နိုင်တဲ့ သူတွေအနေနဲ့ iPhone နဲ့ iPad တွေသုံးတဲ့အခါ အဆင်ပြေစေဖို့အတွက် iOS 10 မှာ color filter ဆိုတဲ့ feature လေးတစ်ခုပါဝင်လာပါတယ်။ ဒီတော့ သင်ဟာ အရောင်တစ်ခုခုကို မမြင်ရတဲ့ colorblind ဝေဒနာ ခံစားနေရတဲ့သူတစ်ယောက်ဆိုရင် iOS 10 ရဲ့ color filter ကိုသုံးပြီး သင်မမြင်ရတဲ့အရောင် နေရာမှာ သင် မြင်ရတဲ့ အရောင်တွေကို အစားထိုးကာ ချိန်ညှိနိုင်မှာဖြစ်ပါတယ်။

ပထမဦးဆုံး Settings ကိုဖွင့်ပြီး General ထဲဝင်ပါ။ အဲ့ထဲကမှ Accessibility ထဲဝင်ပြီး Display Accommodation ကိုရွေးပေးရမှာဖြစ်ပါတယ်။

ios-10-color-filters-1


အဲ့ထဲကမှ Accessibility ထဲဝင်ပြီး Display Accommodation ကို On ပေးလိုက်တာနဲ့ Colour Filters ကိုတွေ့ရမှာ ဖြစ်ပါတယ်။


ios-10-color-filters-2

Colour Filters ကို On လိုက်တာနဲ့ Greyscale, Green/Red, and Blue/Yellow ဆိုတဲ့ Filter တွေကို တွေ့ပါလိမ့်မယ်။

Red/Green Filter

ios-10-color-filters-photos-6

Green/Red Filter

ios-10-color-filters-photos-5

Blue/Yellow Filter

ios-10-color-filters-photos-4

Greyscale Filter

ios-10-color-filters-photos-1

နဂိုပါ Filter တွေထဲက တစ်ခုမှ စိတ်တိုင်းမကျရင် အောက်ဆုံးက Color Tint မှာ အမှန်ခြစ်ပြီး စိတ်ကြိုက် အရောင် သတ်မှတ် ပေးလို့ရပါသေးတယ်။

ios-10-color-filters-photos-2


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com