11/20/2016

♪ " Xiaomi Mi Mix ရောင်းချမှုအားလုံး တစ်မိနစ်ပြည့်အောင်မခံဘဲ ရောင်းကုန်ခဲ့ " ♫


Xiaomi သည် Mi Note 2 နှင့် Mi Mix Flagship ဖုန်းများဖြင့် ပရိသတ်ကို စိတ်လှုပ်ရှားစေရန် ဆွဲဆောင်နိုင်ခဲ့ပြီး ထိုအချက်သည် Flash sales တွင် သိသာစေခဲ့သည်။ Xiaomi ၏ Flash sales သည် ရောင်းအားမြင့်မားသည့်ပုံစံတစ်ခုသာဖြစ်သော်လည်း Mi Mix ၏ရောင်းအားစံချိန်အသစ်မှာ အသိအမှတ်မပြုဘဲ မနေနိုင်အောင် မြန်ဆန်ခဲ့သည်။

Mi Mix ဖုန်းအားလုံးကို ၁၀ စက္ကန့်အတွင်းရောင်းကုန်သွားခဲ့ပြီး ပမာဏမည်မျှ ရောင်းချပေးခဲ့ကြောင်းကိုမူ မသိရှိရချေ။ Xiaomi မှမူ Mi Mix အား တစ်လလျှင်အလုံးရေ ၁၀၀၀၀ သာ ထုတ်လုပ်ရန်ရှိသည်ဟု ဆိုခဲ့ဖူးသည်။ Mi Mix version ၂ မျိုးကိုရောင်းချခဲ့ပြီး Standard Edition 4 GB / 12 GB နှင့် Exclusive Edition 6 GB / 256 GB တို့ဖြစ်ကြသည်။ နောက်ထပ် flash sale တစ်ကြိမ်ကို ထပ်မံပြုလုပ်ခဲ့ပြီး သတင်းကောင်းမှာ အချိန်သုံးဆ ပို၍ခံခဲ့ခြင်းဖြစ်သည်။ 

သို့သော် စက္ကန့် ၃၀ သာဖြစ်သဖြင့် မရလိုက်သောပရိသတ်များစွာရှိခဲ့သည်။ Xiaomi Mi Note 2 မှာမူ တစ်မိနစ်ထိခံနိုင်ခဲ့ကြောင်း တွေ့ရသည်။ ရောင်းချပေးသောအရေအတွက် မသိရသော်လည်း တောင်းဆို မှုမှာ ရောင်းအားထက်မြင့်မားနေသည်ကို သက်သေထူနိုင်ခဲ့သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com