11/29/2016

နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာမူဝါဒတွင် ဒစ်ဂျစ်တယ်စနစ်အများစုပါဝင်ကြောင်း သိရ





နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာမူဝါဒများတွင် ဒစ်ဂျစ်တယ်စနစ်အများစုပါဝင်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးဆိုင်ရာမူဝါဒ (၁၂) ရပ် ချမှတ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါမူဝါဒများတွင် Digital ID Card စနစ်၊ Digital Government Strategy နှင့် e-Government စနစ်ဆိုင်ရာလုပ်ငန်းစဉ်များအား ဦးစားပေးဆောင်ရွက်သွားရန် ပါဝင်ကြောင်း၊ အိုင်စီတီကဏ္ဍ တိုးတက်လာသည်နှင့်အမျှ Cyber လုံခြုံရေး ကိစ္စရပ်များသည်လည်း မဖြစ်မနေ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း (၁၆) ကြိမ်မြောက် အာဆီယံသတင်းအချက်အလက်နည်းပညာဆိုင်ရာ ၀န်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်မျိုးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးအနေဖြင့်လည်း တွန်းအားပေးဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးကို ဘရူနိုင်းဒါရူဆလင်နိုင်ငံ ဘင်ဒါဆရီဘီဂါဝန်မြို့တွင် နိုဝင်ဘာလ ၂၅ ရက် မှ ၂၆ ရက် အထိ ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများနှင့် အာဆီယံဆက်သွယ်ရေးကဏ္ဍ ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းအဖွဲ့ချုပ် (ITU) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သီဟထိုက်






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com