11/20/2016

♪ A39 ထုတ်ကုန်သစ်ကို OPPO မိတ်ဆက် ♫



မြန်မာနိုင်ငံဈေးကွက်အတွက် A39 ထုတ်ကုန်သစ်ကို OPPO က မိတ်ဆက်တင်သွင်းခဲ့တယ်လို့သိရပါတယ်။
A39 ဖုန်းဟာ A37 ဖုန်းကို အဆင့်မြှင့်တင်ထုတ်လုပ်ပေးလိုက်ခြင်းဖြစ်ပြီး Screen အရွယ်အစား ၅.၂ လက်မနဲ့ HD အရည်အသွေး ရုပ်ကြွစနစ်မျိုး ခံစားရစေမယ့် 2.5D glass နဲ့အတူ ခြစ်ရာစင်းရာ ကာကွယ်နိုင်မယ့် Corning Gorilla Glass 4 ကိုပါအသုံးပြုပေးထားတယ်လို့ဆိုပါတယ်။ Octa-core 1.5GHz MTK 6750 chipset ကို RAM 3GB နဲ့တွဲထားပြီး Internal Storage 32GB ရှိတယ်လို့ သိရပါတယ်။ SD card ထည့်သွင်းမယ် ဆိုရင် 256GB ပမာဏအထိပါ တိုးမြှင့် နိုင်စေမယ်လို့ ဆိုပါတယ်။

ကင်မရာပိုင်းက အရှေ့ကင်မရာမှာ 1/4 -inch sensor အရွယ်အစားရှိ 5MP အမျိုးအစားကို တပ်ဆင်ပေးထားပြီး နောက်ကင်မရာပိုင်းကိုတော့ 1/3-inch sensor အရွယ်အစားရှိ 13MP ကိုတပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဖုန်းအထူက 7.65 mm ရှိပြီး A37 ထက် အနည်းငယ်ပါးပြီး F1s ထက်အနည်းငယ် ပိုထူတယ်လို့ဆိုပါတယ်။

အလေးချိန် 147g ရှိတဲ့ အဲဒီဖုန်းကို ၂၁၉,၀၀၀ ကျပ်နဲ့ နိုဝင်ဘာလ ၁၈ ရက်ကစတင်ပြီး ရောင်းချ သွားမယ်လို့သိရပါတယ်။


Credit to ==> IJ Mobile



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com