11/02/2016

♪ “Samsung Galaxy J7 Prime” ♫


Samsung ဟာ J Series ဖုန်းများကို အရောင်းမြှင့်တင်ခြင်း ပြုလုပ်နေပါ တယ်။ J7 Prime ဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလက ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ထောင့်စွန်းများဟာ အ၀န်းအ၀ိုင်းပုံရှိပြီး အဓိကကင်မရာကို အနောက်ဘက် တွင် လေးထောင့်ပုံစံ ထည့်သွင်းပေးထားပါတယ်။ ဘေးဘက် တွင် Flash မီး ပါရှိပါတယ်။ 2G/3G/4G Network များတွင် အသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ 

ကိုင်ဆောင်အသုံးပြုရမယ့် အရွယ်အစားပမာဏကတော့ 151.7 × 75 × 8 mm ဖြစ်ကာအလေးချိန်သည် 167 g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သောဖုန်း များ ဈေးကွက်ထဲတွင် ပေါ များနေ သောကြောင့် အခု J7 Prime ကိုလည်း ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်အောင် ဆောင် ရွက်ပေးထားပါတယ်။ ထည့်သွင်းသုံးစွဲရ မယ့် ဆင်းကတ်အမျိုးအစားကတော့ Nano SIM ပါ။ ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိသောကြောင့် ကျယ်ပြန့် သော မြင်ကွင်း ပုံရိပ်များကို ရရှိပါမယ်။ မြင်ကွင်းစွမ်းရည်အပိုင်းအတွက် 1080 x 1920 pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပြီး တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆ ကတော့ 401 ppi ပါ။ ဖြန့်ချိရာဈေးကွက်ပေါ် မူတည်၍ Gorilla Glass တပ်ဆင်ပေးမှာဖြစ်ပါတယ်။

ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး Auto Focus, LED Flash စနစ် တို့နဲ့ အသုံးပြုနိုင်မယ့် အဓိကကင်မရာဟာ 13 MP, f/1.9 စွမ်းရည်ရှိပါမယ်။ ရှေ့ကင်မရာငယ်ကတော့ 8 MP , f/1.9 စွမ်းရည်ပါ။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080p ဖြစ်ပြီး နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ဖြစ်ပါ တယ်။ Bluetooth Version ကတော့ 4.1 ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းအတွက် RAM ကို 3GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 16GB ပါရှိ အောင် ဆောင်ရွက်ပေးထားပါတယ်။ အချက်အလက် အများအပြား သိမ်းဆည်းချင်သူများအနေဖြင့် မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်အသုံးပြုရပါမယ်။


ထို့အတွက်လည်း Cardslot စနစ်ပါရှိအောင် ဆောင်ရွက်ပေးထားပါ တယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Android ဖြစ်ပြီး Version မှာ Marshmallow ဖြစ်ပါတယ်။ ထည့်သွင်းပေးထားသော Chipset ကတော့ Exynos 7870 Octa ဖြစ်ပါတယ်။ CPU စွမ်းရည်မှာ Octa Core 1.6 GHz Cortex - A 53 ဖြစ်သောကြောင့် ဖုန်းကို လျင်မြန်သွက်လက်စွာ အသုံးပြုနိုင် ပါလိမ့်မယ်။ GPU ကတော့ Mali-T830 MP2 ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားမှာ Li-Ion 3300 mAh ဖြစ်ပြီး 3G Network တွင် စကား ပြောဆိုဖို့အတွက်၂၁ နာရီနီးပါး ခံနိုင်စွမ်းရှိမှာဖြစ်ကာ သီချင်းနားထောင်ဖို့ အတွက် ၈၄ နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။

<Specification>

Network - GSM/HSPA/LTE
Processor - Octa Core 1.6 GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v 4.1
Storage - 16 GB
OS - Android OS, v6.0.1
Contact - 01-371924

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com