11/22/2016

♪ " Network Speed မြင့်တက်စေမည့် နည်းလမ်းများ " ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ) ♫


ကွန်ပျူတာပဲဖြစ်ဖြစ်၊ မိုဘိုင်းပစ္စည်းဖြစ်ဖြစ် ကွန်ရက်ချိတ်၍ သုံးစွဲသောခေတ်ကြီးထဲသို့ဝင်လာပြီဖြစ်ရာ ကွန်ရက် အမြန်နှုန်းကောင်းဖို့ ကိစ္စကလည်း အရေးကြီးလာပါသည်။ ကွန်ရက်အမြန်နှုန်းကောင်းမှ လုပ်ငန်းတွင်ကျယ်ပါ လိမ့်မယ်။ သုံးနေရင်းကပင် ကွန်ရက်အမြန်နှုန်း နှေးကွေးလာခြင်းနှင့် တစ်ခါတစ်ရံ လုံးဝအလုပ်မလုပ်တော့ခြင်း မှာ ကြုံတွေ့နေကျကိစ္စများဖြစ်သည်။ ညံ့ဖျင်းသောကွန်ရက်အမြန်နှုန်းသည် စိတ်ညစ်ညူးဖွယ်ကောင်းသည်။ ယင်းကိုပြုပြင်ယူရေးကိစ္စမှာသာ၍ပင်ခက်ခဲပါသည်။ သို့သော် ကွန်ရက်အမြန်နှုန်းနှင့် ပတ်သက်ပြီး ပြုပြင်ယူနိုင်သော ကိစ္စများလည်းရှိသည်။ ယင်းတို့ကို အောက်ပါ အတိုင်းတွေ့ရပါမည်။

QOS နှင့် Packet Shaping ကို အသုံးပြုခြင်း။

Default အားဖြင့်ဆိုလျှင် router သည် ယင်းတွင်အသုံးပြုနိုင်သော traffic အားလုံးကို priority အတူတူပင် ထားလေ့ရှိပါသည်။ အွန်လိုင်းတက်ပြီး အလွန်ရိုးရှင်းသောအလုပ်များလုပ်သည့်အခါ ယင်းအချက်က အဆင်ပြေ ပါသည်။ သို့သော် နောက်ကွယ်တွင် bandwidth အလွန်စားသော Program တစ်ခုကိုအသုံးပြုသည့်အခါ (သို့မဟုတ်) အခြားသောအရာများကိုလည်း အွန်လိုင်းတွင် တစ်ချိန်တည်းပြုလုပ်နေသဖြင့် program တစ်ခုသည် ယင်းအတွက် လိုအပ်သော bandwidth ရအောင် ရုန်းကန်နေရသည့်အခါမျိုးတွင် traffic များ၏ priority ကို ပြန်လည်စီစဉ်နေရာချထားခြင်းသည် network speed တိုးတက်ကောင်းမွန် လာစေရေးအတွက် အကောင်း ဆုံးနည်းလမ်းဖြစ်ပါသည်။ 


Router အများစုသည် traffic အား စီမံခန့်ခွဲခွင့်ပေးရာတွင် TCP/IP port အပေါ်အခြေခံ၍ပေးအပ်လေ့ရှိ ပါသည်။ ထို့ကြောင့် web page များ ကြည့်ရှုရေးအတွက် စံဖြစ်သည့် HTTP traffic ကို ဦးစားပေးအသုံးပြုလို ပါက port ကို အခြားသော port များထက် ဦးစားပေးပြီး higher priority တွင် ထားပေးရပါမည်။ ယင်းက မိမိ၏ browsing speed ကို မြန်ဆန်စေပါမည်။ Connection Speed သည် ယခင်နှင့် အတူတူပင်ဖြစ်သော်လည်း ဦးစားပေးအဆင့်ခွဲခြားလိုက်ခြင်းကြောင့် browsing speed မြန်ဆန်လာ ခြင်းဖြစ်ပါသည်။ 


သို့ရာတွင် packet shaping ပြုလုပ်ခြင်းသည် ကွန်ရက်တစ်ခုလုံး၏ အမြန်နှုန်းတိုးတက်လာစေရန်မဖြစ်နိုင်ကြောင်း သဘောပေါက်ထားရပါမည်။ ယင်းက အချို့သော packet များပို့ဆောင်ရေးကိုသာ ပိုမိုမြန်ဆန်အောင် ပြုလုပ်နိုင်ပါသည်။ Traffic shaping ပြုလုပ်သည့်ကိစ္စအတွက် feature များကိုမူ router setting ရှိ QOS ခေါင်းစဉ်အောက်တွင် တွေ့မြင်ရပါမည်။ မိမိနှင့်သက်ဆိုင်သော port များကို traffic shaping ပြုလုပ်မည်ဟု ရွေးချယ်ထားပါက System ထဲတွင်ရှိသော IP address (သို့မဟုတ်) MAC addressကိုသုံး၍ ပြုလုပ်နိုင်ပါမည်။

Firmware အသစ်ကို အသုံးပြုခြင်း။

ကွန်ရက်ကိစ္စနှင့် ပတ်သက်သည့် software ပိုင်းကို စဉ်းစားမည်ဆိုလျှင် ယင်းအပိုင်း၌ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ခွင့်ရှိနေသည်။ Firmware ပိုင်းတွင်ကား ဤသို့မဟုတ်။ ထို့ကြောင့် Router ထုတ်လုပ်သောကုမ္ပဏီများသည် Firmware update များကို လိုအပ်သလို ထုတ်ပေးကြရပါသည်။ Firmware အသစ်တစ်ခုတင်ခြင်းသည် လောင်းကစားပွဲထဲ ဝင်သည်နှင့်တူသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသို့ Firmware အသစ်တင်သည့် အခြေအနေတွင် မိမိ၏ စိတ်ကြိုက်ပြုပြင် ပြောင်းလဲထားသော setting များ ဆုံးရှုံးသွားနိုင်၍ဖြစ်သည်။ သို့သော် ပိုမိုတိုးတက်ကောင်းမွန်လာသည့်အပိုင်းကိုကြည့်လျှင် ထပ်တိုး feature သစ် များရလာခြင်း၊ bug များပျောက်သွားခြင်း၊ compatibility ပိုင်းတွင် တိုးတက်မှုများရှိလာခြင်းတို့ကို တွေ့ရ ပါမည်။ ယင်းတိုးတက်မှုများကြောင့် ကွန်ရက်တည်ငြိမ်မှုအမြန်နှုန်းလည်း တိုးတက်လာနိုင်ပါသည်။


နောက်ဆုံးထုတ် Firmware ကို များသောအားဖြင့် router ထုတ်လုပ်သူ၏ website မှ ရလေ့ရှိပါသည်။ လက်ရှိသုံးနေသော firmware အား update လုပ်ခြင်းသည် ရိုးရှင်းလွယ်ကူသောလုပ်ငန်းစဉ်ဖြစ်သည်။ System admin အခွင့်အရေးရလျှင် (သို့မဟုတ်) Admin က ထောက်ခံမှုပေးလျှင် လွယ်ကူစွာပြီးမြောက်နိုင် သည်။ သို့ရာတွင် လွဲမှားသော Firmware ကို download ဆွဲချပြီး အသုံးပြုမိလျှင် (သို့မဟုတ်) update ပြုလုပ်နေစဉ် အနှောက်အယှက်တစ်ခုခုကြုံခဲ့လျှင် ဒုက္ခဖြစ်နိုင်ခြေလည်းရှိသည်။ ထိုအခါတွင် မိမိ၏ router သည် လှပအောင်တန်ဆာဆင်ထားသော အုတ်ခဲတစ်လုံးသဖွယ်သာရှိပါလိမ့်မည်။


မိမိ၏ router အတွက် official firmware update မရနိုင်ခဲ့လျှင် custom firmware တစ်ခုခုကို အစားထိုး အသုံးပြုကြည့်နိုင်သည်။ ပမာဆိုရသော် အခမဲ့ရနိုင်သော Open-source Firmware တစ်ခုဖြစ်သည့် DD-WRT ကို အသုံးပြုခြင်းဖြစ်သည်။ ယင်းကို www.dd-wrt.com မှ download ဆွဲချပြီး အသုံးပြုနိုင်သည်။ ယင်း Firmware က feature သစ်အတော်များများကိုထပ်ထည့် ပေးနိုင်သည်။ Router Software အတော်များများ တွင် မတွေ့နိုင်သော control အချို့ကိုပင် တွေ့နိုင်သည်။ Router စတင်အသုံးပြုသူများအတွက် ယင်း Firmware ကို ကျွမ်းကျင်အောင်လုပ်ရာတွင် အနည်းငယ် မျက်စေ့လည် နိုင်သည်။ မိမိ၏ router သည် ယင်း firmware နှင့်လည်း အဆင်ပြေသည်။ Firmware ကိုလည်း လုံးလုံးလျားလျားအသွင်ပြောင်းမည်ဟု စဉ်းစား ပါက စမ်းကြည့်ခြင်းသည် အကျိုးမယုတ်နိုင်ပါ။

Entender ကို အသုံးပြုခြင်း။

မိမိအသုံးပြုမည့် device နှင့် router တို့ကြားတွင် လှိုင်းအားတိုးတက် အောင်ပြုလုပ်နိုင်မည့် အခြားနည်းလမ်း မရှိတော့ပါက နောက်ဆုံးလုပ်နိုင်သောနည်းလမ်းတစ်ရပ်မှာ Wireless range extender ကိုဝယ်ယူအသုံး ပြုခြင်းဖြစ်ပါသည်။ ယင်းကို Wireless repeater ဟုလည်း ခေါ်ကြပါသည်။ ယင်း repeater သည် ကြိုးမဲ့ ကွန်ရက်လှိုင်းကိုရှာဖွေပြီး ပြန်လည်ထုတ်လွှင့်ပေးနိုင်သောအစွမ်းရှိပါသည်။ Router မှလှိုင်းကိုဖမ်းယူပြီး ပြန် လည် ထုတ်လွှင့်ပေးခြင်းဖြစ်သော်လည်း စောင့်ဆိုင်းရချိန်မရှိပါ။ ယင်းပစ္စည်းကိုသုံးခြင်းကြောင့် ကြိုးမဲ့ကွန်ရက် လှိုင်းကို ပိုမိုဝေးကွာသောနေရာသို့ ချဲ့ထွင်ပေးပို့နိုင်ပါသည်။


လှိုင်းအား သက်ရောက်သောနယ်ပယ်ကို ချဲ့ထွင်ခြင်းသည် ကွန် ရက်ဆက်သွယ်မှုကိုပို၍အသက်ဝင်စေသည်။ အကြောင်းတစ်ခုခုကြောင့် မိမိလက်ရှိအသုံးပြုနေသောပစ္စည်းများကို နေရာမရွှေ့နိုင်ဟုဆိုပါက ယင်းသို့ လုပ်ဆောင်ခြင်းက အထူးပင်အသုံးဝင်ပါသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ယင်း repeater တို့ကိုအိမ်သုံးမီးပလပ် ပေါက်တွင်ထိုးစွပ်ပြီး လက်ရှိလှိုင်း နယ်ပယ်ကို ထပ်ဆင့်တိုးချဲ့နိုင်သည်။ သို့သော် ကြိုးသွယ်၍ အသုံးပြုရသော Ethernet connection ကိုလည်း အသုံးပြုနိုင်မည်။ မိမိအတွက် ပို၍ အသုံးတည့်မည်ဆိုလျှင် ကြိုးသွယ်စနစ်ကို အသုံးပြုရပါမည်။


ကြိုးသွယ်ကွန်ရက်ချဲ့ထွင်နည်းသည် ထပ်ခိုးနေရာ (သို့မဟုတ်) ပန်းဥယျာဉ်ခြံတို့ကဲ့သို့သော ကြိုးမဲ့ကွန်ရက် လှိုင်းမရောက်နိုင်သောနေရာများသို့ပါ လှိုင်းရောက်ရှိစေနိုင်သည်။ အားကောင်းသောကြိုးမဲ့ကွန်ရက်လှိုင်း သည် ပိုမိုကောင်းမွန်သောအမြန်နှုန်းကိုပေးနိုင်ပါသည်။ ထို့ကြောင့် extender သည် အားကောင်းသောလှိုင်းကို ပံ့ပိုး ပေးနိုင်သည့်ပစ္စည်းဖြစ် သင့်ပါသည်။ Extender တို့သည် ဈေးချိုပြီး set up လုပ်ရလွယ်ပါသည်။ ထို့ကြောင့် လှိုင်းအားညံ့ဖျင်းစွာရနေသောနေရာတစ်ခုတွင် စမ်း၍အသုံး ပြုကြည့်သင့်ပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com