11/21/2016

♪ Password ခံထားတဲ့ ကွန်ပျူတာတွေကို စက္ကန့်(၃၀)အတွင်း hack နိုင်တဲ့ ကိရိယာ ♫


ကုန်ကျစရိတ်နည်းတဲ့ hacking ကိရိယာတွေကို တီထွင်နေကျဖြစ်တဲ့ Samy Kamkar ဆိုသူက PoisonTap လို့အမည်ပေးထားတဲ့ ကိရိယာတစ်ခု ကိုထပ်မံတီထွင်လိုက်ပြီး ဒီ ကိရိယာက Password ခံထားတဲ့ Windows နဲ့ Mac PC တွေကို စက္ကန့်(၃၀) အတွင်း hack နိုင်တယ်လို့ ဆိုပါတယ်။

810

PoisonTap ကို အခမဲ့ software တစ်ခုရယ် (၅) ဒေါ်လာတန် Raspberry Pi Zero microcomputer ရယ်နဲ့ ပေါင်းစပ်ဖန်တီးထားတဲ့အတွက် တစ်ခုလုံးရဲ့ ကုန်ကျစားရိတ်က (၅)ဒေါ်လာသာရှိပါတယ်။ ဒီလို (၅) ဒေါ်လာပဲ တန်တဲ့ ကိရိယာလေးတစ်ခုက ခက်ခက်ခဲခဲ password တွေပေးထားတဲ့ ကွန်ပျူတာတွေကို hack နိုင်ပါ့မလား? သံသယ မဝင်ပါနဲ့။ ၄င်းက သင်ထင်သလို password ကိုခန့်မှန်းဖို့ကြိုးစားမှာ မဟုတ်ဘဲ အပြည့်အဝ ထိုးဖောက် ပစ်မှာဖြစ်ပါတယ်။

poisontap2

Raspberry Pi ကို USB adapter နဲ့ တွဲဆက်ပြီး ကွန်ပျူတာမှာ တပ်လိုက်တာနဲ့ စက္ကန့်(၃၀) အတွင်း password ကိုထိုးဖောက်ကာ backdoor တစ်ခုကို install လုပ်ပေးမှာဖြစ်ပြီး ၄င်းက USB port ကနေဖြုတ် လိုက်တဲ့အချိန်မှာတောင် အလုပ်လုပ်နေမှာဖြစ်ပါတယ်။

ATM card အရွယ်အစားသာရှိတဲ့ ဒီ microcomputer လေးကို ကွန်ပျူတာနဲ့ USB ပေါက်မှာ တပ်လိုက်တာနဲ့ private account တွေကို log in ဝင်ဖို့အတွက် authentication cookies တွေအပါအဝင် encrypt မလုပ်ထားတဲ့ Web traffic တွေအကုန်လုံးကို ဖြတ်ချလိုက်မှာဖြစ်ပြီး အချက်အလက်တွေကို attacker ရဲ့ ထိန်းချုပ်မှု အောက်က server ထဲကို လှမ်းပို့ပေးမှာဖြစ်ပါတယ်။



 
Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com