11/20/2016

♪ အပစ်အခက်သမားများအတွက် - Alien Shooter TD ♫

Alien Shooter TD icon

ယခုတစ်ပတ်ဖော်ပြပေးမယ့်ဂိမ်းလေးကတော့ ပေါ့ပေါ့ပါးပါးလေးလည်းဖြစ်သလို အားလုံးနဲ့လည်း ရင်းနှီးပြီးသားဖြစ်တဲ့ Alien Shooter ဂိမ်းလေးနဲ့မိတ်ဆက်ပေးပါမယ်။ ဒီဂိမ်းကို Sigma Team Company ကနေပြီးတော့ တစ်ကမ္ဘာလုံးကိုအခမဲ့ဆော့ကစားနိုင်အောင် ဖြန့်ချိပေးထားပါတယ်။

ဒီဂိမ်းလေးရဲ့ပုံစံက အရင်ဆော့ဖူးနေကျ Alien Shooter ဂိမ်းတွေလို ဇာတ်ကောင်တစ်ကောင်တည်းကို မသေအောင်ထိန်းချုပ်ပြီးကစားရတဲ့ ဂိမ်းမဟုတ်ပါဘူး။ Tower Deffence ဂိမ်းတွေလို ဖြစ်သွားပြီးတော့ ဆော့ရတဲ့ Game Mode တွေကလည်း ကွဲပါတယ်။ Tower ထောင်ရတဲ့ ဂိမ်းတွေလိုမဟုတ်ဘဲ စစ်သားတွေကိုနေရာချပေးရမှာပါ။ စစ်သားတွေကို နေရာချပေးရာမှာ စစ်သားတွေက Alien တွေပစ်ခတ်ပေးကာ ကျည်ဆန်တွေကုန်သွားခဲ့ရင်လည်း ၀ယ်ပေးရဦးမှာပါ။ စစ်သားတွေအတွက် Upgrade ပြုလုပ်ပေးရမှာဖြစ်သလို ကျည်ဆန်ကုန်သွားရင်တော့ စစ်သားတွေထပ်မံ ပစ်တော့မှာမဟုတ်တဲ့အတွက် သတိထားဖို့လိုပါမယ်။ မိမိမှာ ပိုက်ဆံအလုံအလောက်ရှိလို့ Upgrade ပြုလုပ်တာကတော့ ကိစ္စမရှိပါဘူး။

အခန်းတစ်ခန်းအောင်သွားရင်တော့ မိမိကစားခဲ့တဲ့အခန်းတွေအတွက် ကြယ်နဲ့အဆင့်သတ် မှတ်ပေးသွားမှာဖြစ်ပြီးတော့ ကြယ်တွေကိုတော့ Easy, Normal, Hard ဆိုပြီးပေးသွားမှာပါ။

စစ်သားတွေကို နောက်တစ်ခန်းမတက်ခင် မိမိတပ်ဖွဲ့အတွက်လိုအပ်တဲ့ Skill တွေကိုUpgrade ပြုလုပ်ပေးရမှာပါ။ စစ်သားတစ်ကောင်ချင်းစီကို Train ပေးရဦးမှာလည်းဖြစ်ပါတယ်။
Online နဲ့ချိတ်ဆက်ရင် Item Box တွေရမှာပါ။ Box ထဲကနေ စစ်သားတွေအတွက် Armor, Gun တွေပေးမှာဖြစ်ပြီး မိမိစစ်သားတွေအတွက် တပ်ဆင်ပေးနိုင်မှာပါ။ တပ်သားအသစ်တွေကိုလည်း ကံကောင်းရင် Box ထဲကနေကျပါတယ်။ တချို့ Box တွေက Daily Free အနေနဲ့ရရှိနိုင်သလို Google အကောင့်ထဲငွေသွင်းပြီးမှဝယ်လို့ရမယ့် Item Box တွေလည်းပါဝင်သွားဦးမှာပါ။

In Game ရုပ်ထွက်ပိုင်းကတော့ ကောင်းမွန်မှုရှိသလို Deffence ဂိမ်းတွေကိုကြိုက်နှစ်သက်တဲ့ ဂိမ်မာတွေလက်မလွှတ်သင့်တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ File Size အနေနဲ့ကတော့ 119MB  သာရှိပြီး Google Playstore နဲ့ apkpure.com တို့မှာ အခမဲ့ Download ဆွဲကစားနိုင်သလို IOS  အတွက် App Store မှာလည်း ဆွဲယူကစားနိုင်မှာဖြစ်ပါတယ်။ အောက်က Link မှာလည်းဒေါင်းယူနိုင်ပါတယ်ဗျာ။



Download
 


Credit to ==> IJ Mobile



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com