11/20/2016

♪ “Facebook Messenger မှာကြော်ငြာများ ပြသမည်” ♫


Facebook က Messenger မှာကြော်ငြာများထည့်သွင်းမယ့် သတင်းများဟာ ယခုနှစ် ဖေဖော်ဝါရီလမှာ ထွက်ပေါ် ခဲ့ဖူးပါတယ်။ အခုတော့ Facebook က အဲဒီစွမ်းဆောင်ချက်ကို Version 1.3 မှာထည့်သွင်းပေးလိုက်ပါတယ်။

Facebook က ကမ္ဘာအ၀န်း အသုံးပြုသူပမာဏများစွာရှိတဲ့ Messenger မှာ Sponsored Messages လို့ခေါ်တဲ့ ကြော်ငြာများပြသဖို့ စီစဉ်နေပါတယ်။ စီးပွားရေးလုပ်ငန်းများက News Feed အပြင် Messenger ကနေကြော်ငြာများ ကို ပြသနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းများက Facebook အသုံးပြုသူတိုင်း အား Messenger ကနေကြော်ငြာများ ပြသနိုင်မှာမဟုတ်ပါဘူး။ သူတို့ထံ Messenger ကနေ စာပို့ဆက်သွယ်ဖူးသူများကိုသာကြော်ငြာများ ပြသနိုင် မှာဖြစ်ပါတယ်။

Messenger ကြော်ငြာများမှာ သတင်းများ၊ ပရိုမိုးရှင်းများ၊ Subscription သတင်းအချက်အလက်များ၊ သတိပေးစာများစတာတွေ ထည့်သွင်းနိုင်ပါတယ်။ Users များအနေဖြင့် စီးပွားရေးလုပ်ငန်း တစ်ခုရဲ့ ကြော်ငြာများကိုမမြင်တွေ့ချင်ရင် Block လုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် Facebook က စီးပွားရေးလုပ်ငန်းများအတွက် News Feed မှ ကြော်ငြာ များမှာ Message ခလုတ်ကိုထည့်သွင်းနိုင်တဲ့ Messenger Destination Ads လို့ခေါ်တဲ့ ကြော်ငြာအမျိုးအစားအသစ်တစ်ခုကိုလည်းမိတ်ဆက်လိုက်ပါတယ်။

Call to Action Button အမျိုးအစားဖြစ်ပြီးခလုတ် နှိပ်လိုက်တာနဲ့ဖောက်သည် များကစီးပွားရေးလုပ်ငန်းများကို Messenger ကနေစကားပြောနိုင်မှာ ဖြစ်ပါ တယ်။ အဲဒီအတွက် ဖောက်သည်များက News Feed မှာ စိတ်ဝင်စားတဲ့ ကြော်ငြာတစ်ခုကို တွေ့တဲ့အခါမှာစီးပွားရေးလုပ်ငန်းရဲ့ Page ကိုသွားပြီး Message Button ကို နှိပ်ဖို့ မလိုတော့ပါဘူး။ ဒီကြော်ငြာအမျိုးအစား ဟာ စီးပွားရေးလုပ်ငန်းများအတွက် ရောင်းအား တိုးတက်စေနိုင်ပါတယ်။

Facebook က အဲဒီစွမ်းဆောင်ချက်ကို Absolut Vodka, Activision, Tommy Hilfiger တို့ အပါအ၀င် ကုမ္ပဏီအနည်းငယ်ဖြင့် ပြီးခဲ့တဲ့ လအနည်းငယ်က တည်းက စမ်းသပ် နေတာ ဖြစ်ပါတယ်။ အခုတော့ ကမ္ဘာအ၀န်းမှ ကုမ္ပဏီများ နဲ့ စီးပွားရေးလုပ်ငန်းများကအသုံးပြုနိုင်ပါပြီ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com