အခုတင်ပေးလိုက်တဲ့ UC Browser လေးကိုတော့ ကျွန်တော်သဘောအကျဆုံးပါပဲဗျာ။ ဘယ် Browser သုံး ရင်ကောင်းမလည်းလို့လာမေးတဲ့ဘော်ဒါတွေကိုလည်း ကျွန်တော် UC Browser ကိုပဲညွှန်ပေးပါတယ်။ အခုအသစ်ထွက်လာတဲ့ Version မှာတော့ Data Save ဆိုတဲ့ အင်တာနက်အသုံးပြုရင် ငွေ အကုန်အကျသက်သာစေအောင် ပြုလုပ်ပေးတဲ့ Feature လေးပါဝင်လာပါတယ်ဗျာ။ Website တွေမှာ ပါတက်တဲ့ AD တွေကိုလည်း Block လုပ်ပေးနိုင်ပါတယ်။ ပြီးတော့ Facebook Account အသစ်ဖွင့်ရာမှာ လွယ်ကူမြန်ဆန်မှုလည်းလည်းရှိပါတယ်။ Downloader ပါဝင်တာကြောင့် Browser ကနေဒေါင်းလုပ် ဆွဲမယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ Download Speed မှာ လည်းမြန်ဆန်မှုရှိပြီး Resume Download ပါဝင်ပါတယ်။ ဒါ့အပြင် File သုံးခုကိုတပြိုင်နက်ထဲဒေါင်းလုပ်ဆွဲယူပေးနိုင်ပါတယ်ဗျာ။ သူ့ရဲ့ကောင်းမွန်တဲ့ အချက်တွေကတော့ အများ ကြီးပါပဲ ကိုယ်တိုင်သာစမ်းသုံး ကြည့်ကြပါနော်။ Feature အသေးစိတ် ကိုတော့ အောက်မှာဆက်လက်လေ့ လာနိုင်ပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
Download
www.pyaephyo.com