11/02/2016

♪ Coca-Cola နှင့် MPT တို့ပူးပေါင်းပြီး Refresh & Top-Up အစီအစဉ်ပြန်လည်စတင်ကြောင်း မိတ်ဆက် ♫


နိုင်ငံတစ်ဝန်းမှ ပြည်သူများကြား အထူးတလည်လူကြိုက်များခဲ့တဲ့ Coca-Cola အချိုရည်သောက်သုံးချိန်တိုင်း MPT ငွေဖြည့်လက်ဆောင်ရရှိနိုင်မယ့် Refresh & Top-Up Promotion အစီအစဉ်ကို Coca-Cola နဲ့ MPT တို့ ထပ်မံပူးပေါင်းကာ ဒုတိယမြောက်နှစ်အဖြစ် ပြန်လည်စတင်လိုက် တယ်လို့သိရပါတယ်။

ယခုနှစ်မှာတော့ MPT အနေနဲ့ အထူးသီးသန့် ချီးမြှင့် ဆုငွေများအဖြစ် (၂၀၀) ကျပ်၊ (၁,၀၀၀) ကျပ်၊ (၁၀,၀၀၀) ကျပ် နှင့် (၁,၀၀၀,၀၀၀) ကျပ်အထိ  ဆုပေါင်း (၁၅) သန်းကျော် ကို ကံစမ်းပေးအပ်သွားမှာဖြစ်ပါတယ်။

Coca-Cola Regional Marketing Manager Myanmar ဖြစ်တဲ့ Akira Nopakunkajorn က “Coca-Cola ဟာ ကမ္ဘာ့ နံပါတ်(၁) နှင့် ပြည်တွင်းမှာတော့ ထိပ်တန်း အချိုရည် အမှတ်တံဆိပ် တစ်ခုဖြစ်သလို MPT ဟာလည်း  ပြည်တွင်းမှာ ကွန်ရက်ချိတ်ဆက်မှု အကျယ်ပြန့်ဆုံးဖြစ်ပြီး သုံးစွဲသူအများဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေး   အော်ပရေတာဖြစ်တာကြောင့် ဒီ Refresh & Top-Up အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်များစွာထဲမှ စိတ်လှုပ်ရှားပျော်ရွှင်စရာ အကောင်းဆုံး အစီအစဉ်တစ်ခု ဖြစ်လာမှာပါ။ အခုလို  Refresh & Top-Up အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ရတာကတော့ Coca-Cola အချိုရည်အေးအေးလေးတွေကို  သောက်သုံးရင်း သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဆက်သွယ်နိုင်တဲ့ အခွင့်အရေးရရှိနိုင်တာကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့သူတွေရဲ့ အားလပ်ချိန်လေးတွေကို ပိုပြီးထူးခြားသစ်လွင်သွားစေဖို့ ရည်ရွယ်ပါတယ်။” ဟုပြောကြားခဲ့ပါတယ်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်တဲ့ Mr Koichi Kawase က  “ပြီးခဲ့တဲ့နှစ်က တစ်ခဲနက်လူကြိုက်များခဲ့တဲ့ Refresh & Top Up Promotion အစီအစဉ်ကို Coca-Cola နဲ့အတူတွဲပြီး ထပ်မံစီစဉ်ဆောင်ရွက်ရတဲ့အတွက် ကျွန်တော်တို့ အလွန်ဝမ်းမြောက်ပါတယ်။ ဒီလိုအတူပူးပေါင်းတဲ့ အစီအစဉ်ကနေ မြန်မာတစ်နိုင်ငံလုံး သုံးစွဲသူပေါင်း သန်း (၂၀) ကျော်ရှိနေတဲ့  မြန်မာနိုင်ငံရဲ့ ကွန်ရက်ချိတ်ဆက်မှု အကျယ်ပြန့်ဆုံး  MPT ကနေ ကံထူးသူတွေကို ကျပ်ငွေ တစ်သန်းဆု (၁၀၀)ဆု အပါအဝင် ဖုန်းငွေဖြည့်ဆုပေါင်း (၁၅) သန်းကျော်ကို  ပေးအပ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။”  ဟုပြောကြားခဲ့ပါတယ်။

Refresh & Top-Up အစီအစဉ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ ကျင်းပမှာဖြစ်တဲ့အတွက် MPT ၏ GSM/WCDMA ဝယ်ယူသုံးစွဲသူများအားလုံး ပါဝင်ဆင်နွှဲ ပြီး Refresh & Top-Up Promotion မှာ ပါဝင်တဲ့ Coca-Cola, Max+, Max Power, Sprite နဲ့ Coca-Cola Zero အချိုရည်များကို အလွယ်တကူ ခွဲခြားဝယ်ယူနိုင်စေဖို့  အထူးထုတ်ပိုးမှုပုံစံဖြင့် ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

Refresh & Top-Up မှာပါဝင်ဆင်နွှဲဖို့အတွက် အဖုံးအောက်မှာပါရှိတဲ့ ကုတ်နံပါတ်ကို MPT ဆင်းကတ် မှတစ်ဆင့် ၂၆၂၆ သို့ စာတို (SMS) ပေးပို့ရမှာဖြစ်ပြီး ၂၆၂၆ သို့ ပေးပို့သော စာတို(SMS) များ အားလုံးအတွက် အခကြေးငွေ  ဖြတ်တောက်မှာမဟုတ်ဘူးလို့သိရပါတယ်။

ကံစမ်းမဲပေါက်ပြီး ငွေဖြည့်လက်ဆောင် ရရှိခဲ့ပါက ပေးပို့တဲ့ MPT နံပါတ်ထဲသို့ မဲပေါက်တဲ့ ငွေသား ပမာဏကို ချက်ချင်း  ဖြည့်သွင်းပေးသွားမှာဖြစ်ပြီး MPT နံပါတ်အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်း နဲ့ အင်တာနက် အသုံးပြုခြင်းများ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။


Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com