11/23/2016

♪ ဖုန်းသစ်တွေထုတ်လုပ်ပြီး ၂၀၁၇မှာ စမတ်ဖုန်းလောကထဲကို တကျော့ပြန်လာမယ့် Nokia ♫


Nokia ဟာ လာမယ့် နှစ်မှာ Android စမတ်ဖုန်းသစ်တွေကို ထုတ်လုပ်ပြီး ပြန်လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တစ်ခေတ်တစ်ခါက ကမ္ဘာ့စမတ်ဖုန်းလောကကို သိမ်းပိုက်ခဲ့ဖူးတဲ့ နည်းပညာဘီလူးအနေနဲ့ ဒီသတင်းထွက်ပေါ်လာတဲ့အပေါ်အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

Capital Markets Day 2016 ပွဲမှာ Nokia ဟာ လာမယ့် ၂၀၁၇ခုနှစ်အတွက် ပြုလုပ်မယ့် လုပ်ငန်းစဉ်အတွက် ဆလိုက်တွေကို ပြသခဲ့ပြီး အထဲမှာ “Nokia Brand ကို စမတ်ဖုန်းတွေအနေနဲ့ ပြန်လာမည်” ဆိုပြီးတော့ ထည့်သွင်းထားခဲ့တာပါ။

Microsoft ပိုင်ဆိုင်တဲ့ ကုမ္ပဏီအနေနဲ့ ဖုန်းတွေကို သူတို့နာမည်နဲ့ ၂၀၁၅ခုနှစ်အထိ ထုတ်လုပ်ခြင်းမပြုဖို့ ကန့်သတ်ထားခဲ့ပြီး ယခုတစ်ဖန်မှာ ပြန်လည် ဝင်ရောက်လာနိုင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
Nokia ဟာ Partner အနေနနဲ့ ဖင်လန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ HMD နဲ့ တွဲဖက်လုပ်ဆောင်မှာ ဖြစ်ပြီး အဆိုပါကုမ္ပဏီက စမတ်ဖုန်းအတွက် ထုတ်လုပ်မှုပိုင်းကို တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက ဖုန်းဒီဇိုင်းနှစ်မျိုးကို Nokia Brand နဲ့ ထုတ်လုပ်ဖို့အတွက် HMD နဲ့ Nokia တို့ သဘောတူညီမှုရရှိခဲ့တာပါ။

အသစ်ဖန်တီးမယ့် ကုမ္ပဏီမှာ လာမယ့် သုံးနှစ်အတွင်း ဖုန်းတွေကို ထုတ်လုပ်ဖို့အတွက် Marketing ပိုင်းမှာ ယူရိုသန်း ၅၀၀ အသုံးပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။ တခြားဖုန်းနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေ ထုတ်ဖော်ခြင်းမရှိပေမယ့် တစ်ခေတ်တစ်ခါက လူတိုင်းရဲ့ အသဲနှလုံးကို ကိုင်လှုပ်ခဲ့ဖူးတဲ့ Nokia Brand စမတ်ဖုန်းထွက်ပေါ်လာမှာကို စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ကြရတာဖြစ်ပါတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com