11/06/2016

♪ Samsung Galaxy S8 မျိုးဆက်က iPhone 7 မျိုးဆက်ထက် လုပ်အားနှုန်း ပိုမိုမြန်ဆန်လာနိုင် ♫


Samsung ကတော့ Apple ကို လိုက်လံယှဉ်ပြိုင်မှုတွေကို အဆုံးမသတ်သေးပါဘူး။ လာမယ့်နှစ်အစောပိုင်းမှာ ထွက်ရှိလာမယ်လို့ သတင်းပြေးနေတဲ့ Samsung Galaxy S8 ဖုန်းကတော့ စမတ်ဖုန်းလောကမှာ iPhone 7 ကို ကျော်တက်ပြီး လုပ်အားနှုန်းအကောင်းဆုံး ဖုန်းတစ်လုံးဖြစ်လာဖွယ်ရှိနေလို့ ဖြစ်ပါတယ်။ ဒီလိုပြောရတာကတော့ Samsung ဟာ အကောင်းဆုံးဖြစ်လာမယ့် ချစ်ပ်မျိုးဆက်သစ်ကို S8 ဖုန်းမျိုးဆက်မှာ ထည့်သွင်းသွားဖွယ်ရှိနေလို့ပဲဖြစ်ပါတယ်။

Galaxy S8 မှာဆိုရင်တော့ Samsung ကိုယ်တိုင် ပြုလုပ်ထားတဲ့ 10nm ချစ်ပ်နဲ့အတူ Qualcomm ရဲ့ (Snapdragon 830 ပရော်ဆက်ဆာအသစ်) တို့ ပါဝင်လာမှာဖြစ်ပြီး ထွက်ရှိထားပြီးဖြစ်တဲ့ Galaxy S7 နဲ့ S7 Edge တို့မှာ အသုံးပြုထားတဲ့ 14nm ချစ်ပ်ထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘက်ထရီသက်တမ်းကိုလည်း ပိုပြီး ကြာရှည်အသုံးပြုလို့ရအောင် ဒီဟာတွေက ထောက်ပံ့ပေးသွားမှာပါ။

လောလောလတ်လတ်ထွက်ရှိထားတဲ့ Apple ရဲ့ iPhone 7 ကတော့ လောလောဆယ်မှာ လုပ်အားနှုန်းအကောင်းဆုံးဖုန်းလို့ သတ်မှတ်ခံထားရပါတယ်။ Samsung ကတော့ S8 နဲ့အတူ iPhone 7 ရဲ့ နေရာကို ဝင်ယူနိုင်ဖို့ ပစ်မှတ်ထားလျက်ရှိနေပါတယ်။

iPhone 7 မျိုးဆက်မှာတော့ 16nm ချစ်ပ်နဲ့အတူ TSMC က ပြုလုပ်ထားတဲ့ A10 ပရော်ဆက်ဆာတွေ ပါဝင်ထားတာဖြစ်ပြီး ဈေးကွက်ထဲမှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်ကို ယှဉ်နိုင်တဲ့ဖုန်းမရှိသေးပါဘူး။ Apple ဟာဆိုရင်တော့ သူ့ရဲ့ iPhone 8 မှာ 10nm ချစ်ပ်နဲ့အတူ A11 ပရော်ဆက်ဆာတို့ ပေါင်းစပ်ထည့်သွင်းသွားဖွယ်ရှိနေပြီး S8 ကို ယှဉ်ပြိုင်သွားမှာပါ။

Samsung ဟာ လောလောဆယ်မှာတော့ iPhone ရဲ့ မျိုးဆက်နောက်ကို စွမ်းဆောင်ရည်တွေ အမှီလိုက်ဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး လတ်တလော အခြေအနေတွေအရလည်း အတော်လေးကို ပုံရိပ်တွေ ကျဆင်းနေခဲ့ပါတယ်။

Note 7 ဖုန်း နဲ့အတူ အတော်လေးကို နာမည်ကျခဲ့တဲ့ Samsung ကတော့ အားလုံး အံအားသင့်စေမယ့် သူတို့ရဲ့နောက်ဆုံးပေါ် နည်းပညာတွေကို  Galaxy S8 ဖုန်းမှာ ထုတ်ပြနိုင်ဖို့အတွက် တာစူလျက်ရှိနေပါတယ်။

Apple နဲ့ Samsung တို့ရဲ့ နည်းပညာပိုင်းအားပြိုင်မှုတွေကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာတော့ 10nm နဲ့ 7nm ချစ်ပ်ပြားတွေဟာ စမတ်ဖုန်းလောကမှာ ထွန်းကားလာအုံးမယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com