11/06/2016

♪ Mi MIX ဖုန်းရဲ့ ပထမအသုတ် ၁၀စက္ကန့်အတွင်း ရောင်းကုန်သွား ♫


Xiaomi ကုမ္ပဏီဟာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက သူတို့ရဲ့ အဓိကဖုန်းအမျိုးအစား နှစ်မျိုးဖြစ်တဲ့ Xiaomi Mi Note 2 နဲ့ Mi Mix ဖုန်းတွေကို ထုတ်ဖော်ခဲ့ပါတယ်။ Xiaomi ဟာ အရင်ဆုံးတော့ OLED မျက်နှာပြင်ကွေးပါဝင်တဲ့ ဖုန်းကို ထုတ်လုပ်မယ်ဆိုပြီး သတင်းတွေပြေးထားတာဖြစ်ပေမယ့် တကယ်တမ်းထွက်လာတဲ့အခါကျတော့ ကောလာဟလတွေနဲ့ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် မျက်နှာပြင်ပြည့် စတိုင်အသစ်နဲ့ ဖုန်းသစ်ဟာလည်း အံ့အားသင့်စရာတွေကို ထပ်မံထုတ်ပြခဲ့ပြန်ပါတယ်။

xiaomi-mi-mix-review-1

ဘာဖြစ်လို့လဲဆိုတော့ တရုတ်မှာ ဦးဆုံးစတင်ရောင်းချခဲ့တဲ့ Mi MIX အနေနဲ့ ထင်မှတ်မထားပဲ အလွန်အရောင်းသွက်ခဲ့ပြီး ၁၀စက္ကန့်အတွင်းမှာတင် ရောင်းကုန်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ Xiaomi ဟာ Mi MIX အလုံးရေ ဘယ်လောက်ရောင်းချခဲ့တယ်ဆိုတာ မသိရသေးပေမယ့် သူတို့ရှိသမျှအကုန်လုံးကိုတော့ ထုတ်ရောင်းခဲ့ကြောင်း သတင်းတွေကဆိုပါတယ်။
 
ရောင်းကုန်သွားပြီဖြစ်ကြောင်း ဒီလိုဖော်ပြထားပါတယ်။
Xiaomi Mi MIX ဟာ အမျိုးအစားနှစ်မျိုးနဲ့ ထွက်ရှိလာတာဖြစ်ပြီး 4GB RAM နဲ့ 128GB Stoarge အမျိုးအစား၊ 6GB RAM နဲ့ 256GB Storage အမျိုးအစားဆိုပြီး နှစ်မျိုးကွဲတာပါ။ Xiaomi ဟာ ဒီနှစ်မျိုးလုံးကို ရောင်းချပြီး ပြတ်တောက်သွားခဲ့တာပါ။ 4GB RAM မော်ဒယ်ပစ္စည်းရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၅၁၆ ရှိပြီး 6GB RAM ကတော့ ဒေါ်လာ ၅၉၀ နဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။ နောက်တစ်သုတ် ထပ်မံရောင်းချမှုကိုတော့၊ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

Xiaomi Mi MIX ဖုန်းတွေဟာ မျက်နှာပြင်နဲ့ ဘော်ဒီအချိုး ၉၁.၃ရာခိုင်နှုန်းရှိပြိး တကယ်လည်း ကြည့်ရတာအတော်သေသပ်ပါတယ်။ ဒီလိုပုံစံဒီဇိုင်းအမျိုးအစားကို တခြားဘယ်ဖုန်းမှာမှ မတွေ့ရသေးပါဘူး။ ပစ္စည်းအနေနဲ့ မျက်နှာပြင်အကျယ် ၆.၄လက်မရှိတဲ့ 2040 x 1080 display ကိုအသုံးပြုထားတာဖြစ်ပြီး၊ ဘက်ထရီပမာဏ 4,400 mAh ပါဝင်ပါတယ်။

Image result for Mi MIX

Mi MIX ဖုန်းဟာ Processor အနေနဲ့ Snapdragon 821 64bit ရှိတဲ့ quad-core SoC ကိုအသုံးပြုထားတာဖြစ်ပြီး လက်ရှိမှာ ပါဝါအကောင်းဆုံး Chipset အမျိုးအစားလည်း ဖြစ်ပါတယ်။ ကင်မရာအနေနဲ့ 16-megapixel ကင်မရာနဲ့ ရှေ့ကင်မရာ 5MP တို့ပါဝင်ပါတယ်။ Android 6.0 Marshmallow ကိုအဦးဆုံးအနေနဲ့ Install လုပ်ထားပြီး MIUI 8 OS ကိုအသုံးပြုထားတယ်လို့ သိရပါတယ်။ 

Mi MIX ကိုမိတ်ဆက်ခဲ့တဲ့အကြောင်းကို ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

mi-mix-specs1



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com