11/06/2016

♪ Meizu ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းအသစ် Meizu Pro 6s ♫


Meizu အနေနဲ့ စမတ်ဖုန်းအမျိုးအစားအသစ်တစ်ခုအဖြစ် Meizu Pro 6s ကိုမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ Meizu Pro 6 ကို အဆင့်မြှင့်တင့်ထားတဲ့ Pro 6s ဟာ iPhone နဲ့ အတော်လေးကို ဆင်တူပြီး 3D Touch display ပါဝင်လာတာကအစ iPhone ကို အတုခိုးပြီး ပြုလုပ်ထားသလို ဖြစ်နေပါတယ်။
အဲ့ဒီအတွက် 10-core processor နဲ့ iPhone လေလား???  ဆိုပြီး AndroidAuthority က သရော်သလို ရေးသားထားပါတယ်။
Meizu Pro 6s ကို Aluminum unibody design နဲ့ထွက်ရှိလာပြီး Specification တွေအနေနဲ့ 5.2-inch 1080p screen ၊ Mali-T880MP4 GPU နဲ့တွဲဖက်ထားတဲ့ deca-core (deca=10) Helio X25 processor ၊ 4GB RAM တို့ပါဝင်ပါတယ်။
meizu-pro-6s_31
အရှေ့ကင်မရာကတော့ Pro 6 တုန်းကအတိုင်း 5MP ကိုပဲသုံးထားပေမယ့် နောက်ကင်မရာကတော့ 12MP ချင်းအတူတူပေမယ့် Pro 6 ထက်ပိုမိုကြည်လင်ပြတ်သားစေဖို့ Pro 6 တုန်းကအသုံးပြုထားတဲ့ ƒ/2.2 aperture  အစား ƒ/2.0 aperture ကိုသုံးထားတာတွေ့ရပါတယ်။ 10-LED dual-tone ring flash, phase detection နဲ့ laser-autofocus features တွေကတော့ Pro 6 တုန်းကအတိုင်းပါပဲ။

64 GB storage နဲ့ထွက်ရှိလာပြီး iPhone ကိုအတုခိုးထားတဲ့နောက်တစ်ချက်ကတော့ storage အတွက် ဘာကဒ်မှ ထပ်စိုက်လို့မရတဲ့အချက်ဖြစ်ပါတယ်။ 3060mAh battery ကိုအသုံးပြုလာတဲ့အတွက် Pro 6 ရဲ့ battery capacity ထက် (၂၀) ရာခိုင်နှုန်းပိုမိုမြင့်မားလာတာတွေ့ရပါတယ်။

Meizu Pro 6 တုန်းက ကင်မရာ နဲ့ battery ကြောင့် ပရိတ်သတ်တွေကို စိတ်ပျက်စေခဲ့တဲ့အပေါ် Pro 6s မှာ အကောင်းဆုံးပြင်ဆင်ထုတ်လုပ်ထားတယ်လို့ ယူဆရမှာဖြစ်ပါတယ်။ (၃၉၉) ဒေါ်လာ ဈေးနှုန်းနဲ့ တရုတ်ပြည် မှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။


Credit to ==> Digital Times




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com