11/06/2016

♪ ဒေါ်လာ (၃၀၀၀) ဈေးနှုန်းနဲ့ ထွက်ရှိလာဖွယ်ရှိတဲ့ Samsung ရဲ့ နည်းပညာမြင့် Android ခေါက်ဖုန်း ♫


အမှန်တကယ်လိုလို ကောလာဟလ လိုလို သတင်းပျံ့နှံ့လျက်ရှိနေတဲ့ Samsung ရဲ့ နည်းပညာမြင့် Android OS သုံး ခေါက်ဖုန်း အမျိုးအစားသစ်ဟာ အမှန်တကယ် ထွက်ရှိမှာဖြစ်တယ်လို့ အတည်ပြုချက်တွေ ထွက်ပေါ်လာပါတယ်။ ဒါဟာ သတင်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ တူတူ သတင်းဆိုးတစ်ခု ကပ်ပါလာတယ်။ အဲဒါကတော့ Samsung W2017 လို့နာမည်ပေးထားတဲ့ ဒီခေါက်ဖုန်းကို main target အဖြစ်ရည်ရွယ်ထားတဲ့ တရုတ်ပြည် ဈေးကွက်အတွင်းမှာသာ ဖြန့်ချိမှာဖြစ်ပြီး တရုတ်ပြည် ပြင်ပမှာ လုံးဝ ရောင်းချမှာမဟုတ်ဘူးလို့ သိရပါတယ်။

“ဒါပေမယ့် စိတ်မညစ်ပါနဲ့ ။ သင်ဟာတရုတ်ပြည်တွင်းမှာ နေထိုင်သူတစ်ယောက်ဖြစ်ခဲ့ရင်တောင် ဒီဖုန်းကို ဘယ်တော့မှ ဝယ်မှာမဟုတ်ဘူး” ဆိုတဲ့ စကားသံတွေ ပျံ့နှံ့နေပါတယ်။ အကြောင်းကတော့ . . .
Samsung အနေနဲ့ ထွက်ရှိမယ့်ရက်နဲ့ ဈေးနှုန်းကို မကြေညာသေးပေမယ့် Samsung သတင်း website တစ်ခုဖြစ်တဲ့ SAMMOBILE ကတော့ တရုတ်ယွမ် (၂၀၀၀၀) ၊ ဒေါ်လာ(၃၀၀၀) ဝန်းကျင်ဈေးနှုန်းနဲ့ ထွက်ရှိလာဖွယ်ရှိတယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။

တရုတ်ပြည်အတွင်းမှာ နေထိုင်သူတစ်ယောက်ဖြစ်ခဲ့ရင်တောင်မှ ဒါဟာ အလွန်များတဲ့ ဈေးနှုန်းနဲ့ ထွက်လာဖွယ်ရှိနေတဲ့အတွက် ဝယ်ဖို့ကို လက်တွန့်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

Specifications

  • 2-inch HD Super AMOLED internal and external display
  • High-end hardware
  • Qualcomm Snapdragon 820 Processor
  • 4GB RAM and 64GB storage
  • 13MP rear camera and 5MB front-facing camera
  • 2300mAh battery
  • Dual SIM
  • 4G LTE
  • Fast Wireless Charging
  • Fingerprint Sensor
Specification တွေအရတော့ နည်းပညာအမြင့်ပိုင်းတွေပါဝင်တာမှန်ပေမယ့် ဒေါ်လာ (၃၀၀၀) ဆိုတာကတော့ အလွန်များလွန်းတဲ့ ဈေးနှုန်းလို့ ယူဆရမှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း
“you will never get this phone” ဆိုပြီးပြောဆိုနေကြတာဖြစ်ပါတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com