11/02/2016

♪ Developer တွေအတွက် iOS 10.2 beta 1 ဗားရှင်းကို ရရှိနိုင်ပြီ ♫


Apple ဟာ Developer တွေအတွက် iOS 10.2 beta 1 ဗားရှင်းကို ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုထုတ်လုပ်လိုက်တာဟာ ယမန်နေ့ကပဲ ထုတ်လုပ်တဲ့ iOS 10.1.1 ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဆက်လက် ထုတ်လုပ်တာလဲ ဖြစ်ပါတယ်။ ဒီနောက်ဆုံး ထွက် dev beta ဟာ Registered လုပ်ထားတဲ့ Developer တွေမှာသာ ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

Download ကို OTA ဒါမှမဟုတ် Apple Developer Center ကနေတစ်ဆင့် ရရှိနိုင်ပြီဖြစ်ပါတယ်။ iOS 10.2 အသစ် dev release ကိုထုတ်လုပ်ခဲ့တဲ့ အပြင် Apple ဟာ macOS 10.12.2, watchOS 3.1.1 နဲ့ tvOS 10.1 တို့ကိုလည်း Developer တွေအတွက် ထုတ်လုပ်ခဲ့ပါတယ်။


iOS ဗားရှင်းအသစ်တွေမှာ Wallpaper အသစ်တွေနဲ့အတူ၊ Unicode 9 ကိုအခြေခံထားတဲ့ Emoji အသစ်တွေလည်း ပါဝင်ခဲ့ပြီး၊ Fox, selfie, croissant, owl, avocado, shark နဲ့ pancake စတဲ့ ပုံရိပ်အသစ်တွေ ပါဝင်လာခဲ့တာပါ။ ပိုမိုဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းပုံစံအပြင်၊ Particular mode, Filter နဲ့ Live Photo လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ ကင်မရာ Settings ကို ပြင်ဆင်ထားတဲ့ ပုံစံကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

ios-10-2-features1

iOS dev beta ဟာ emergency contact notification ကိုလည်း ထည့်သွင်းထားပြီး ဒီလုပ်ဆောင်ချက်ဟာ Emergency SOS ကို Activate လုပ်လိုက်တာနဲ့၊ watchOS ဒါမှမဟုတ် iOS ကနေ Emergency Contact ကို Set up လုပ်ထားတဲ့သူတစ်ဦးဦးထံကို Notification တစ်ခု သတင်းပို့ပေးမှာပါ။

အဲ့ဒီအပြင် ဒီဗားရှင်းမှာ Home ဒါမှမဟုတ် Lock Screen ရဲ့ ညာဘက်မှာ သင့်အနေနဲ့ (Widget တွေကတစ်ဆင့်) Library မှာရရှိနိုင်တဲ့ TV show နဲ့ Movies တွေကို ပြသပေးထားမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ အဲ့ဒီအပေါ်နှိပ်လိုက်တာနဲ့ အထဲကို အလိုလိုဝင်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ဆောင်ချက်တွေအပြင် ထုတ်လုပ်တဲ့အခါကျရင် နောက်ထပ်များစွာသော၊ ပြသနာပြင်ဆင်မှုတွေနဲ့၊ တိုးမြှင့်ထားမှုတွေကို မြင်တွေ့ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။



Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com