Facebook က ၃၆၀ ဒီဂရီ ဗီဒီယိုများကို သူ့ရဲ့ လူမှုကွန်ရက်မှာ
ကြည့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ၃၆၀ ဒီဂရီ ကင်မရာများကနေ
ရိုက်ကူးထားတဲ့ ဗီဒီယိုများဖြစ်ပါတယ်။ ကြည့်ရှုသူက ဗီဒီယိုကို နှစ်သက်ရာ
ရှုထောင့်ကနေ လှည့်ပတ် ကြည့်ရှုနိုင်ပါတယ်။
ယခုအခါမှာ Facebook က ၃၆၀ ဒီဂရီ ဓါတ်ပုံများကို ကြည့်နိုင်အောင် ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။ ၃၆၀ ဒီဂရီ ဓါတ်ပုံများကို ဖန်တီးဖို့အတွက်တော့ ၃၆၀ ဒီဂရီ ကင်မရာ မလိုအပ်ပါဘူး။ Panoramas ဓါတ်ပုံများကို တင်လိုက်တာနဲ့ Facebook က ၃၆၀ ဒီဂရီ ဓါတ်ပုံအဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ၃၆၀ ဒီဂရီ ကင်မရာများကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကိုလည်း Facebook မှာ တင်နိုင်မှာဖြစ်ပါတယ်။
ဖုန်းကို လှည့်စောင်းခြင်းဖြင့် ၃၆၀ ဒီဂရီ ဓါတ်ပုံများရဲ့ မြင်ကွင်းများကို ပြောင်းလဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် လက်ဖြင့် ပွတ်ဆွဲခြင်းဖြင့် ရှုထောင့်ပြောင်းလဲ ကြည့်ရှုနိုင်ပါတယ်။

Credit to ==> Myanmar Digital Life Journal