5/15/2015

ZenFone 2 ပြည်တွင်း ဈေးကွက်သို့ ဇွန်လတွင် ရောက်ရှိမည်


ကမ္ဘာ့ပထမဦးဆုံးအဖြစ် 4Gb Ram စမတ်ဖုန်းဖြစ်သည့် ZenFone 2 ပြည်တွင်းဈေးကွက် သို့ ဇွန်လတွင် ရောက်ရှိမည်ဖြစ်ကြောင်း Asus Myanmar မှ သိရသည်။

“ဇွန်လအစောပိုင်း အတွင်းမှာ ပြည်တွင်းဈေးကွက်ကို ရောက်ရှိဝယ်ယူနိုင်မှာပါ” ဟု Asus မှ တာဝန်ရှိ သူက ပြောသည်။ ဈေးနှုန်းအားဖြင့် ကျပ်သုံးသိန်းကျော်ဝန်းကျင်ရှိမည်ဖြစ်ပြီး အဆိုပါဖုန်းကို အရှေ့တောင် အာရှနိုင်ငံများသို့ ရောင်းချသွားရန် ဧပြီလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် မိတ်ဆက် ခဲ့ပြီးနောက် မြန်မာနိုင်ငံဈေးကွက်သို့ စတင်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

4G Lte စနစ် အထောက်အပံ့ပြုကာ ဆင်းမ်ကတ်နှစ်ခု ထည့်သွင်းအသုံးပြုနိုင်မည့် အဆိုပါဖုန်းတွင် အဓိကကင်မရာ 13MP Auto Focus စနစ်နှင့် ရှေ့ကင်မရာ 5MP အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အမှောင်ထဲတွင် ဓာတ်ပုံရိုက်နိုင်သည့် Low light စနစ်၊ ဓာတ်ပုံ၊ ဗီဒီယိုတို့အား ၄၀၀ ရာခိုင်နှုန်းအထိ ပုံမှန်ထက် ထင်ရှားအောင် ရိုက်ယူနိုင်သည့်စနစ်တို့ ပါဝင်မည်ဖြစ်သည်။

ယင်းအပြင် ၃၉ မိနစ်အတွင်း ၆၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်မည့်စနစ်၊ အရှေ့ကင်မရာဖြင့် Panorama မြင်ကွင်းရိုက်နိုင်မည့် Selfie Panorama စနစ် အစရှိသည့် နည်းပညာများကိုလည်း ထည့်သွင်းထားသည်ဟု ပြောကြားသည်။ 3.9 mm ရှိပြီး ၁၄၀ ဒီဂရီအထိ မြင်ကွင်းကျယ်၊ Multiple Zenfone သီးသန့် App များကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com