Xiaomi Mi Note Pro ကို အသုံးပြုနေကြသူ တစ်ချို့သည် ဖုန်း၏ အပူလွန်ကဲသည့် ပြသာနာ အပေါ် ဝေဖန်ပြော ကြားလျက်ရှိကြောင်း သိရသည်။
Xiaomi Mi Note Pro တွင် Snapdragon 810 SoC ပရိုဆက်ဆာ ပါဝင်သောကြောင့် အပူချိန်လွန်ကဲမှု ဖြစ်ပေါ်လာဖွယ်ရှိကြောင်းနှင့် တရုတ်နိုင်ငံတွင်ရောင်းချခဲ့သည့် Xiaomi Mi Note Pro phablet များ၏ motherboard များသည် အပူချိန်ကြောင့် လောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားချက်များ ထွက်ပေါ်လာခဲ့သည်။
အခြားသုံးစွဲသူများကလည်း Mi Note Pro သည် ကွန်ပျူတာဖြင့် ချိတ်ဆက်ရာတွင် ကွန်ပျူတာက သိမှတ်ခြင်း မရှိသလို display မှာလည်း ပုံမှန် အလုပ်မလုပ်တော့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အချို့က Mi Note Pro ကို အားသွင်းစဉ် အသုံးပြုပါက အလွန်အမင်းအပူချိန် လွန်ကဲလာကြောင်း ပြောကြားခဲ့သည်။
Qualcomm မှ ၎င်း၏ချစ်ပ်ကို စတင် စမ်းသပ်ခဲ့ကတည်းက အခက်အခဲများ ကြုံတွေ့ရပြီး Xiaomi အနေဖြင့် အပူလွန်ကဲသည့် ပြဿနာကို ဖြေရှင်းရန်အတွက် ဒီဇိုင်းထုတ်ထားသော thermal နှင့်ဆိုင်သည့် မူပိုင်ခွင့် ၅ ခုကို လျှောက်ထားခဲ့သည်။
Samsung သည် ၎င်းတို့၏ Exynos 7420 ချစ်ပ်ကို Samsung Galaxy S6 နှင့် S6 Edge များတွင်အသုံးပြုခဲ့ခြင်းကြောင့် အပူချိန်လွန်ကဲမှု ဖြစ်ပွားခဲ့သည်။ သို့သော်လည်း အပူချိန်လွန်ကဲမှုမှာ Snapdragon 810 ကြောင့်ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်ကြောင်း သုံးသပ်လျက်ရှိကြသည်။
Qualcomm ၏ဈေးကွက်ဆိုင်ရာ ဒုဥက္ကဋ္ဌ တင်မ်မက်ဒွန်နော့ခ်ျက ၎င်းတို့၏ ချစ်ပ်များသည် စီးပွားဖြစ်ထုတ်ကုန်များတွင် မည်သည့်အခါမျှ အပူလွန်ကဲခြင်း မရှိကြောင်း လွန်ခဲ့သည်ရက်သတ္တပတ်က ပြောဆိုခဲ့သည်။
Ref: PhoneArena