5/14/2015

♪ Key Specs Comparison Phone Samsung Galaxy S6 Vs LG G4 ♫


Samsung ရဲ့ ပလတ်စတစ်ကိုယ်ထည်ကို ကျောခိုင်းနိုင်ပြီး ဖုန်းရဲ့မျက်နှာပြင်နဲ့ကျောဘက်ကို အကြမ်းခံနိုင် ဖို့ Gorilla Glass 4 နဲ့ ဖွဲ့စည်းပေးထားကာ ဘေးဘောင်တွေကို သတ္တုနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဖန်သားနဲ့သတ္တုကြားအလွှာဟာ အလွန်သေးငယ်ပြီး ခြုံငုံကြည့်ရင်တော့ အမိုက်စားစမတ်ဖုန်းလို့ သတ်မှတ်နိုင်ပါတယ်။ Samsung Galaxy S6 ရဲ့ 16MP အရည်အသွေးရှိ အဓိကကင်မရာရဲ့ပုံစံဟာ ဖုန်းရဲ့ကျောဘက်မှာ အနည်းငယ်ထွက်နေတာဖြစ်ပြီး S5 ထက်ပိုကောင်းတဲ့ Lens ကိုလည်း အသုံးပြုထားပါတယ်။ ရှေ့ဘက်မှာတော့ wide-angle selfies တွေရိုက်နိုင်တဲ့ 5 MP ကင်မရာကို အလင်းရောင်နည်းတဲ့နေရာတွေမှာ ကောင်းကောင်းရိုက်နိုင်ပါတယ်။ LG G4 ရဲ့ ရှေ့ဘက်ကင်မရာက 8MP ဖြစ်ပြီး Full HD ဗီဒီယို တွေကို 30fps နဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ အဓိက ကင်မရာဟာ S6 အတိုင်း 16MP ပါရှိပါတယ်။ Galaxy S6 နဲ့ LG G4 အတွက် Android OS 5.1 (Lollipop) ကို သက်ဆိုင်ရာ UI အသီးသီးရဲ့ကောင်းမွန်မှုနဲ့ တွဲဖက်အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ S6 မှာ ဖြုတ် / တပ်လို့မရတဲ့ Li-ion 2550mAh ဘက်ထရီတပ်ဆင်ပေးထားပြီး G4 မှာ Li-Ion 3000mAh ဘက်ထရီ သုံးစွဲထားပါတယ်။

===> Design
အလူမီနီယမ်သတ္တုစပ် ဘေးဘောင်နဲ့ ဖုန်းရဲ့ရှေ့မျက်နှာပြင် အပါအ၀င် ကျောဘက်နှဏ်ခုစလုံးကို Gorilla Glass 4 နဲ့ ကာကွယ်ဖုံးအုပ်ထားတဲ့ Galaxy S6 မှာ ပုံမှန်သုံးနေကျ ပလတ်စတစ်ကိုယ်ထည်ကနေ သတ္တုကို ပြောင်းလဲဖွဲ့စည်းပေးထားပါတယ်။

LG G4 ရဲ့ကိုယ်ထည်ဟာ အနည်းငယ်ခုံးနေပြီး ကျောဘက်ကို ကြာရှည်အသုံးခံတဲ့ သားရေနဲ့ အပြစ်အနာအဆာမရှိအောင် ဖွဲစည်းထားတဲ့ ဒီဇိုင်းမျိုးပါ။ သတ္တုနဲ့ ကိုယ်ထည်ကို တည်ဆောက်ထားတာကြောင့် လက်ထဲမှာ သက်သောင့်သက်သာ သုံးစွဲနိုင်ပါတယ်။


===> Processor
Samsung Galaxy S6 မှာ Qualcomm ရဲ့ Snapdragon 810 Chipset အစား ကိုယ်ပိုင်ဖြစ်တဲ့ Exynos 7420 octa-core processor ကို အသုံးပြုဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားပြီး RAM 3GB နဲ့ ဂရပ်ဖစ် Mail-T760 MP8 ပါဝင်ပါတယ်။

LG G4 အတွက် Core 6 ခုပါဝင်တဲ့ Qualcomm Snapdragon 808 processor ကို သုံးပေးထားပြီး 3GB RAM ပါရှိပါတယ်။ G Flex 2 ထက်နိမ့်တဲ့ processor ကို တပ်ဆင်ပေးထားပေမယ့်လည်း G4 အတွက် 808chip ဟာ ပိုပြီး သင့်တောင်တယ်လို့ LG ကပြောကြားသွားပါတယ်။

===> Display
Samsung Galaxy S6 မှာ 5.1 လက်မအရွယ် display ကို Super AMOLED Capacitive touchscreen သုံးထားပါတယ်။ 577ppi ထိ ပါဝင်တဲ့ pixel သိပ်သည်းဆကြောင့် ကြည့်ရတာ ကြည်လင်ပြတ်သားစေပါတယ်။ ရုပ်ထွက်အရည်အသွေး 1440x2560 pixels ဖြစ်ပါတယ်။
LG G4 ဟာ 5.5လက်မအရွယ် display ဖြစ်ပြီး pixels သိပ်သည်းဆ 538 ppi ရှိတဲ့ IPS LCD အမျိုးအစားဖြစ်ပါတယ်။ G4 ရဲ့ IPS Quantum display ဟာ အရင် QHD Display ထက် ၂၅ ဆ ပိုမိုကြည်လင်တောက်ပမှုရှိပြီး Gorilla Glass 3 နဲ့ မျက်နှာပြင်ကို ကာကွယ်ပေးထားပါတယ်။

===> Verdict
Samsung Galaxy S6 မှာ တစ်မူထူးခြားစွာ တွေ့ရတဲ့ သွေးခုန်နှုန်း တိုင်းတာနိုင်တဲ့ app ပါဝင်မှာဖြစ်ပြီး သုံးစွဲရလွယ်ကူအောင် ပြုလုပ်ပေးထားပါတယ်။ လုံခြုံမှု အပြည့်အ၀ပေးနိုင်တဲ့ လက်ဗွေရာ ဖတ်နိုင်တဲ့ စနစ်ကိုလည်း Galaxy S6 မှာ တိုးတက်ကောင်းမွန်လာတာတွေ့နိုင်ပါတယ်။

LG G4 မှာ ပါဝင်တဲ့ display, design နဲ့ ကင်မရာရဲ့ ကောင်းမွန်မှုတို့က G4 ကိုရွေးချယ်သင့်၊ မသင့်ကို စဉ်းစားဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။ LG ရဲ့ နောက်ထပ်အောင်မြင်မှုတစ်ခုအနေနဲပ ထင်ရှားကျော်ကြားမယ့် G4 ကို အကောင်းဆုံးပြင်ဆင်တင်ဆက်ပေးထားမို့ လက်မလွတ်သင့်တဲ့ စမတ်ဖုန်းစာရင်းမှာ ပါဝင်နေ ပါတယ်။

Credit : Net Guide Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com