5/13/2015

♪ မိမိစိတ်ကြိုက် ဓာတ်ပုံများဖြင့် iPhone ကာဗာများ ပြုလုပ်နိုင်မည် ♫


iPhone 4, 4s, 5, 5s, 6 နှင့် 6 Plus ကိုင်ဆောင်ထားသူများ အတွက် မိမိ၏ဓာတ်ပုံဖြင့်ဖြစ်စေ၊ မိမိလက်ဆောင်ပေးချင်သောသူ၏ ဓာတ်ပုံဖြင့်ဖြစ်စေ အနောက် ကာဗာများကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ iPhone ကာဗာတွေကို မိမိစိတ်ကြိုက် ဓာတ်ပုံတွေနဲ့ ထည့်သွင်းပြီး ကိုယ်ပိုင်ဓာတ်ပုံ ပါတဲ့ ဖုန်းကာဗာတွေ ပြုလုပ်နိုင်ပါတယ်။ ကာဗာတွေကို ကျွန်တော် တို့ services ကနေ ရန်ကုန်မြို့တွင်း ဆိုရင်အိမ်အရောက် ပို့ဆောင်ပေးပါတယ်။ နယ်ဆိုရင်လည်း ပို့ပေးပါတယ်။ နယ်ဘက်ကမှာတဲ့ သူတွေ အတွက်ဆိုရင် ကျွန်တော်တို့ services နဲ့ ချိတ်ဆက်ထားတဲ့ Delivery Company တစ်ခုကတစ်ဆင့် အိမ်အရောက် ပို့ဆောင်ပေးတာပါ။ မှာယူမူအတွက် ကြာချိန်ကတော့ အနည်းဆုံး ၂ ရက် ၃ ရက်လောက် ကြာနိုင်ပါတယ်” ဟု iHOUSE Apple Services တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မှာယူချင်းသူများအနေဖြင့် iHOUSE Apple services ၏ Link ဖြစ်သည့် www.bit.ly/ihouseorderform ရှိ order form ၌ ဖြည့်စွက်မှာယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းများ အနေဖြင့် iPhone 6 Plus ကို ၁၄,၀၀၀ ကျပ်၊ iPhone 6 ကို ၁၂,၀၀၀ ကျပ်၊ 5 နှင့် 5s ကို ၁၀,၀၀၀ ကျပ်၊ 4 နှင့် 4s ကို ၈,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက iHOUSE Apple Services ဖုန်း-၀၉ ၂၅၀၂ ၄၇၇၉၁ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com